Professional Authors

အပြင်ကိုငေး ဆက်တွေးနေတယ်

“အပြင်ကိုငေး ဆက်တွေးနေတယ်”


ဒီကနေ့ သတ်မှတ်ချက်တစ်ချို့
ယိုင်နဲ့နဲ့ မဟုတ်ပေမယ့်
ခိုင်မတ်ဖို့တော့ အတော် လုပ်ယူရဦးမယ်
ကျောတစ်ထောက်စာ နေရာလေလား
အခရာ မကျပေမယ့်လည်း
ခဏတာ ကွန်းခိုဖို့
ဘ၀မှာ ကာဗာတစ်ခုတော့ ဖြစ်မှပေါ့ကွယ်
အားငယ်မိတယ် မဆိုသာဖူး
အားမလျော့ဖူးလို့ ဘယ်ခါမှလည်း မပြောချင်ဖူး
တစ်ခါတစ်လေတော့
စိတ်ကို ထွက်ပေါက်ပေးမိတိုင်း
မိုးတွေ မညို့ပေမယ့် စိတ်ထဲမှာ မှုန်ရီမှိုင်းဝေ
မိုင်တွေဘယ်လောက်ခြားခြား
ဘယ်အရာက တားလို့ရမှာလဲ
အချိန်မှန်မှန်နဲ့တော့
စိတ်ကူးတွေထဲ အိမ် ပြန်ပါရစေ
လေ့ကျင့်ထားတဲ့ စိတ်ဓါတ်တစ်ချို့ထဲ
ငါလေ
အလွမ်းတွေကို အေးခဲတတ်ခဲ့ပြီ…..။

(ဂျွန်မိုးအိမ်)

In: ကဗျာ Posted By: Date: Jun 18, 2010
Comment #1

တစ်ခါတစ်လေတော့
စိတ်ကို ထွက်ပေါက်ပေးမိတိုင်း
မိုးတွေ မညို့ပေမယ့် စိတ်ထဲမှာ မှုန်ရီမှိုင်းဝေ
တူညီစွာ ခံစားမိပါတယ်

commentinfo By: yatu at Jun 20, 2010
Comment #2

ကျေးဇူးး)
မှုန်တစ်ခါ လင်းတစ်လှည့်
စိတ်ကာလာတွေ ပြောင်းလဲတိုင်း
တည်မြဲနေတာကတော့ အိမ် ဆိုတဲ့ အတွေးပေါ့နော်…။

commentinfo By: John Moe Eain at Jun 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment