Professional Authors
ဗားမား(စ်) ချဲလင့်(န်) (မိုးထက်အောင်)
ဗားမား(စ်) ချဲလင့်(န်)
သမိုင်းကိုပြန်ကြည့်တော့လည်း
ဟုတ်တယ်…….ဒါ  တို့ ပြည်။
ပထ၀ီကိုလှန်ကြည့်တော့လည်း
ဟုတ်တယ်…….ဒါ  တို့ မြေ။
ဘိုးဘွားတွေပြောကြတာလည်း
ဟုတ်တယ်…….တို့ ပိုင်တဲ့အမွေ။
ကျုပ်တို့ လက်ထဲကျမှ
ဒါ….တရုတ်ပြည်၊ဒါ….တရုတ်မြေ
တရုတ်ပိုင်တဲ့ အမွေ……လုံးဝအဖြစ်မခံနိုင်ဘူး။
ဒေါင်းအသည်းဗျ…….
မီးကျည်ခဲလည်း ၀ါးစားရဲတယ်
မယုံရင် စမ်းကြည့်။
ကျုပ်တို့  ဒီလေကိုမရှူဘူး။
အောင်ဆန်းရဲ့သွေး တစ်စက်ကလေးမှမပါခဲ့ရင်
ကျုပ်တို့  ဒီမြေမှာမနေဘူး။
အောင်ဆန်းရဲ့ချွေး တစ်စက်ကလေးမှမစိုခဲ့ရင်လည်း
ကျုပ်တို့ ဒီရေကိုမသောက်ဘူး။(ရှက်စရာကောင်းလို့ …..)။
အခုတော့……
ကျုပ်တို့ က အောင်ဆန်းရဲ့ မြေး
ခင်ဗျားတို့  ခွေးပြေး ပြေးဖို့ သာပြင်။                       ။
                                              မိုးထက်အောင်
(ဗားမား(စ်) ချဲလင့်(န်) စာအုပ်ခေါင်းစဉ်အား ကြည်ညိုလေးစားစွာဖြင့် အသုံးပြုခဲ့ပါသည်။)
In: ကဗျာ Posted By: Date: Jan 7, 2014
Comment #1
So so Good!! Excellent! သွေးတောင်ဆူလာတယ်
commentinfo By: moezat at Jan 7, 2014
Comment #2
ကောင်းတယ်ဗျို့ …….ကိုမိုးထက်အောင်
commentinfo By: နွေ at Jan 7, 2014
Comment #3
အစ်ကိုရေ စကားလုံးတွေ အရမ်းအားရတယ်ဗျာ
commentinfo By: ကြက်ခြေခတ်X at Mar 7, 2014
Leave Comments
Name*
Email*
Website
Email me whenever there is new comment