Professional Authors

တိတ်တခိုး မျှော်လင့်ချက်

တိတ်တခိုး
မျှော်လင့်ချက်ဆိုတာ…

ကြောင်လိမ်လှေကား တစ်ခုကို
တက်နေရသလိုပဲ…

တစ်နေ့နေ့ ဆိုတဲ့
လက်ရမ်းတွေကို တွယ်ဖမ်းရင်း…

တစ်ဦးတစ်ယောက်နားမှာပဲ
ချာလပတ်ရမ်းနေတယ်…

စိတ်ရော ကိုယ်ပါ
ပင်ပန်းဆင်းရဲရလို…

အခန့်မသင့်ရင်
ရပ်တည်မှုပါ ပြိုလဲသွားနိုင်တယ်…

In: ကဗျာ Posted By: Date: Jan 3, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment