Professional Authors

ပျံစေ သန်းစေ…… (မိုးဇက်)

တစ်ချက်လေး ငဲ့ကြည့်ပေးပါချစ်သူ..

ဒီလူရင်မှာ ဒဏ်ရာတွေအပြည့်

ဘယ်လိုများမှ မေ့နိုင်မလဲ

အသဲကွဲတဲ့ အရသာ

ရင်တော်တော်နာစေတယ်ဟာ….

 

နင်ထွက်သွားကတည်းက

တဒင်္ဂလူ့ဘ၀ကို ငါတွေးကြည့်မိ

အချစ်ဆိုတာ ဘ၀ရဲ့တစ်စိတ်တစ်ပိုင်း

သူမရှိရင် စိတ်ရိုင်းတွေဝင်လာတတ်တယ်…

ငါနင့်ကိုသတိရတယ်ဟာ….

 

ချစ်သူရာ…

အပြစ်မယူရက်ပါဘူး

နင်မပျော်ဘူးဆိုမှဖြင့်

ငါ့ရင်နင့်နေပါစေ

သေရာပါမယ်ဆိုရင်တောင်

ယောင်လို့မှမညည်းချင်

နင့်ဘ၀ ဝေဟင်မှာ ၀ဲပျံဖို့

ဆို့နင့်စွာနဲ့တောင်းဆုချွေ

ပျံစေ သန်းစေ လွတ်လပ်စေ

နင့်ဘ၀ပန်းတို့ ဝေဆာစေ……..။

In: ကဗျာ Posted By: Date: Dec 27, 2013
Comment #1

ပျံစေ သန်းစေ လွတ်လပ်စေ

နင့်ဘ၀ပန်းတို့ ဝေဆာစေ……..။

commentinfo By: နွေ at Dec 28, 2013
Comment #2

သိပ်မိုက်တယ်ဗျာ……
အားပေးနေဆဲပါ အစ်ကိုတော်

commentinfo By: moehtetaung18 at Dec 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment