Professional Authors

သံစဉ်များကို ပိတ်လိုက်ပါ(ဟာသ)

မနေ့က….တောင်ဒဂုံက အပြန်…34ဒိုင်နာပေါ်အတက်
Earphone တပ် MP3ခံစား အပြန်စားပဲပေါ့…
If we never meet again ဆိုတဲ့သံစဉ်အကြား
ခုန်ပေါက်ပြေးလွှားလိုက်ချင်တာမပြောပါနဲ့
တစ်င်္မှတ်တိုင်နှစ်မှတ်တိုင်အကြား..ဂျိုင့်ခွက်တွေက ခပ်များများနဲ့….
ကြားတစ်ချက်မကြားတစ်ချက်…ငါ့ Speaker အထွက်…စိတ်ကိုဖြေလျှော့..ကားကြီးဂိတ်ကို ကသော့
213 အထူးကား..လက်လှမ်းကာတား..
ဆိုးရိမ်စိတ်ချ..ဒီတစ်ခါ တကယ် feel ယူမယ်ဟလို့
တိုးတိတ်ကြံစည်…သြော်..မောလိုက်တာ..မမြင်
စံပြဈေး အရောက်..လှော်ပါပြီ…ဒရိုက်ဘာတစ်ယောက်
နောက်က ကပ်လာ 34ကား..စီး ကြိုကာ..ထား
ကားပေါ်တက်လာ..ငါ့အတွေး…ဆန်ကောဗန်းထဲ…ဟိုကွေးဒီကွေး
ဟိုဘက်တိုး လိုက် ဒီဘက် ရွှေ့လိုက်…
ပြုတ်မကျအောင်သေချာကိုင်ထား..သီချင်းသံစဉ် အလကား.
ဒရိုင်ဘာတစ်ယောက်..နောက်က သူ့အမေလင် လိုက်လို့ကြောက်
နေ့ခင်းကြောင်တောင် ဂျိမ်းစဘွန်း အခန်းကိုယ်တိုင် ၀င်သရုပ်ဆောင်ရသလိုပဲ..
နောက်တစ်ခါ ကားစီးရင်း သီချင်း နားထောင်ချင်စိတ်..လုံးဝ ကိုမေ့လိုက်ပြီ
သီချင်းသံ ဆိုသည်းတဲ့ငါ့ပါးစပ် ဘုရား ဘုရား ဘုရား မှတ်တိုင်အမြန်ရောက်ပါစေ

 ကြုံခဲ့ဆုံခဲ့တာလေးတွေကို မျှဝေတာပါ(ဟာသ ဆန်ဆန်လေးပါဗျာ)
ဒဏ်ရာ

In: ကဗျာ Posted By: Date: Dec 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment