Professional Authors

တစ်ဖက်သတ် သစ္စာ

“တစ်ဖက်သတ် သစ္စာ”

 

စွန့်လွှတ်ခြင်း ၀ါဒကိုးပြီး…

ကိုယ့်နှလုံးသားက ခပ်ယဲ့ယဲ့…

အိပ်မက်တွေ အသေသတ်ခဲ့ပေမယ့်

အလွမ်းပဟေဠိတွေထဲ

သူ့ကိုသာ ဖွေရှာလေ့ရှိတယ်….။

 

စိတ်တွေ လိုရာပြေးတိုင်း

သူ့ရင်ခွင်သို့ တည့်တည့် မတ်မတ်….

မျက်နက်ဝန်းတွေထဲ….

တွယ်တာခြင်းလေး တစ်စွန်းတစ်စနဲ့

ယစ်မူးနေရတာကိုက ကိုယ့်ဘ၀ ဖြစ်တယ်….။

 

မျက်ရည်တွေ ပွင့်လိုက် ကြွေလိုက်

သူ့ကို မှန်းလျှက်…. ဇွဲတွေနဲ့ ပေကပ်

ခွင့်လွှတ်ခြင်းအရပ်မှာ

စာမပီ…..စာမစီထားတဲ့…..

အထီးကျန်ခြင်းထဲ ကိုယ် ပျော်မွေ့နေတတ်တယ်…။

 

ရင်တွင်းဖြစ်တွေ ရေးခြစ်ရင်း

သူ့အတွက်…. အိုအေစစ်လေးဖြစ်ခွင့်…..

သူ့အတွက်….. ခိုလှုံရာလေး ဖြစ်ခွင့်…..

သူ့အတွက်…. ဧ၀ ဖြစ်ခွင့်….

သူ့အတွက်….. ပျော်ရွှင်ဖွယ်ရာ ဖြစ်ခွင့်

အဲ့ဒီ့ ဆန္ဒ ၀ါကျတွေနဲ့

ကိုယ့်ရဲ့ အတ္ထုပ္ပတ္တိတွေ သစ္စာရှိနေတုန်းပဲ….။

 

သူ့ အငြိုးရိုက်ချက်နဲ့

ကိုယ့် ဝေဒနာတွေ မီးလိုကူးလည်း….

သူပြန်လာမယ့်တစ်နေ့….ဆိုတာကိုပဲ

၂၄ နာရီလုံးလုံး…..၃၆၅ရက်လုံးလုံး ရေရွတ်နေတတ်တာမို့…

ယုံမလားတော့မသိဘူး

စိတ်ကျ လက်ကျ နေ့ရက်တွေထဲက

သူ့အားကိုးနဲ့….

ကိုယ် အကြိမ်ကြိမ်…လွတ်အောင်ရုန်းခဲ့ဖူးတယ်…။  

 

အလွမ်းကေသရီ 

In: ကဗျာ Posted By: Date: Dec 21, 2013
Comment #1

သူပြန်လာမယ့်တစ်နေ့….ဆိုတာကိုပဲ

၂၄ နာရီလုံးလုံး…..၃၆၅ရက်လုံးလုံး ရေရွတ်နေတတ်တာမို့…

ယုံမလားတော့မသိဘူး

စိတ်ကျ လက်ကျ နေ့ရက်တွေထဲက

သူ့အားကိုးနဲ့….

ကိုယ် အကြိမ်ကြိမ်…လွတ်အောင်ရုန်းခဲ့ဖူးတယ်…။ ။

commentinfo By: ထွယ် at Dec 26, 2013
Comment #2

စိတ်တွေ လိုရာပြေးတိုင်း
သူ့ရင်ခွင်သို့ တည့်တည့် မတ်မတ်….
မျက်နက်ဝန်းတွေထဲ….
တွယ်တာခြင်းလေး တစ်စွန်းတစ်စနဲ့
ယစ်မူးနေရတာကိုက ကိုယ့်ဘ၀ ဖြစ်တယ်….။
…………………………………………….
တစ်ပုဒ်လုံးကောင်းတယ် … အားပေးသွားပါသည်။

commentinfo By: နွေ at Apr 24, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment