Professional Authors

ချစ်ရသူ…..သို့ (ဝေဟင်)

မျက်ဝန်းမှာလည်း အချစ်တို့ ဝေ
နှလုံးသားမှာလည်း အချစ်တို့ဝေ
တွဲလက်တွေ မချိတ်ခင်က
မြတ်နိုးစိတ်တို့ မတွေဝေ
ချစ်ရိပ်တို့ ခြုံလွှမ်းသမို့
အလွမ်းတွေတိုင်းလည်းဝေးပါစေ…………..။

ကမ်းလက်တစ်စုံက ကြင်နာမှု
စိတ်နှစ်ခုမှတစ်ညှာ
ဘ၀ဆိုတဲ့ကဗျာမှာ
မောင်ကအလင်္ကာဆို
ခင် က ကာရန် မို့
လမ်းတွေတိုင်းလည်းဖြောင့်ပါစေ…………။

ထိုမှတစ်ဖန်
နှလုံးသားမြေကိုတူးဆွ
အချစ်ပန်းတို့နိုးထစေပြီး
ခင့်ကေသာဆံနွယ်ရိုးမှာ
မေတ္တာကို အရင်းခံပြီး
မောင်ထိုးကာ ပန်ပေးချင်ရဲ့
ပန်းတွေတိုင်းလည်း သင်းပါစေ……….။

မောင့်နှလုံသားကို
ခင်ဦးခိုက်သလို
ခင့်နှလုံးသားကိုမောင်လေးစားခဲ့…
အတွေးများလည်းထပ်တူ
တို့ချစ်တွေဖြူစင်လွန်းသမို့
ရှေးဘ၀က စ ခဲ့သည့်တိုင်
တူနှစ်ကိုယ် ချစ်ချင်းပြိုင်လို့
ရာသက်တိုင် မြဲစေဖို့ရွယ်
ခင်နဲ့မောင်တောင်းဆုထားမယ်
ချစ်သူတိုင်းလည်းညားပါစေ…………။

ဝေဟင်

In: ကဗျာ Posted By: Date: Dec 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment