Professional Authors

အားမာန်​တံခွန်

အားမာန်တံခွန်

အစီစဉ်မကျတဲ့ ဘဝလမ်းတွေထဲ
ငါလေလျှောက်လိုက် လဲကျလိုက်နဲ့
အကြိမ်ကြိမ်ကျရှုံး ခဲ့ရတယ်…
ရည်မှန်းချက်ကို လက်ကိုင်ထား
အားမာန်ကို တံခွန်ထူ
ဇွဲမလျှော့တန်း ကြိုးစားမယ်…
လိုချင်တဲ့ ဘဝပန်းတိုင်ကို
ရောက်ကို ရောက်ရမယ်ဆိုတဲ့ 
မျှော်လင့်ချက်နဲ့ အားမာန်ကူ…
လျှောက်လှမ်းနေတဲ့ ငါလိုလူသား
ဘဝသမားမှာ အချစ်ဆိုသောအရာ
ပုံပြင်လိုသာ ကြားဖူးဆိုမျှသာ…
ကြုံဖူးချင်သော်လည်း မရဲ
ဆုံချင်သော်လည်း မတွေးသာ
လှိုင်းခတ်တဲ့ ကံကြမ္မာ…
 
ငါဟာ ဘဝသမားသာ
ရှေ့သို့လှမ်းမည် မဟာ
ပျော်ရွှင်နေတယ် ငါ့ဘဝမှာ…
သွေး
         
In: ကဗျာ Posted By: Date: Dec 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment