Professional Authors

ချစ်သူသို့……….

ချစ်သူသို့……….

သူ့ရဲ့ ဖျော့တော့တော့အကြည့်တစ်ခုကြောင့် ကျွန်မရဲ့မာနတွေ လွင့်စင်သွားရတယ်ဆိုတာ ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူးလေ။
အချစ်ကို ကိုးကွယ်တာမဟုတ်ပေမဲ့ ကျွန်မသူ့ရဲ့ ပျော်ရွှင်မှုကိုသာ ကိုးကွယ်ခဲ့မိတာ။
မျက်နှာတစ်ချက်တောင် မပျက်စေချင်ခဲ့တာ ဝတ္တရားတစ်ခုဆိုတာထက် ပိုသာလွန်းနေခဲ့ပါတယ်။
သူ့ပါးပေါ်က အနမ်းဖွဖွလေးတွေကလည်း အနမ်းဖွဖွလေးထက်ပိုပါတယ်ဆိုတာ သူခံစားမိမှာပါလေ။
အဖြည့်ခံဆိုတာထက် ဟိုးဖက်ကိုတောင်လွန်နေပါသေးတယ်။
ကျွန်မ စိတ်မဆိုးတတ်တာတောင် တော်တော်ကြာနေခဲ့ပါပြီလေ။
ဒီတော့ သူမချော့တတ်တာကို အပြစ်မဆိုကြပါနဲ့။ (ကျွန်မမှ စိတ်မှန်မှန်မကောက်ခဲ့ပဲလေ)
”အရူးမကြီး”တဲ့……. ခေါ်ကြပါစေလေ။ ကျွန်မ ဘယ်နာမ်စားကိုမှ သူ ကျွန်မကိုခေါ်တတ်တဲ့ နာမ်စားလောက် ဂရုမစိုက် တန်ဖိုးမထားဘူး။
“Thel” ဆိုတဲ့ “T…..h……e……..l” ကျွန်မကတော့ တစ်ကမ္ဘာလုံးမှာ ကျွန်မတစ်ယောက်ပဲ သူခေါ်တဲ့ ကျွန်မရဲ့ နာမ်စားလေးကို ချစ်တယ်။
တစ်ခါတစ်လေ စိတ်လိုလက်ရ ရှိတဲ့အချိန်မျိုးမှာ သူကျွန်မကို မေးလေ့ရှိပါတယ်။
”Thel ကိုယ့်ကို ချစ်လားတဲ့”
ကျွန်မက ဘာများ ပြန်ဖြေတတ်မှာတဲ့လဲ။
”သိပ်ချစ်ပါတယ်ဆိုတာထက် ပိုပါတယ် ချစ်သူရယ်”

ကြက်ခြေခတ်X
ဒီဇင်ဘာလ ၁၅ရက်၊ တနင်္ဂနွေနေ့ ၂၀၁၃

In: ကဗျာ Posted By: Date: Dec 18, 2013
Comment #1

သူရဲ့ဖျော့တော့တော့အကြည့်တစ်ခုကြောင့်ကျွန်မရဲ့မာနတွေလွင့်စင်သွားရတယ်ဆိုတာဘယ်သူမှသိလိုက်မှာမဟုတ်ဘူးလေ

commentinfo By: han mo at Dec 18, 2013
Comment #2

အားပေးသွားပါတယ်ဗျာ……

commentinfo By: moehtetaung18 at Dec 21, 2013
Comment #3

သိပ်​​ကောင်းတဲ့ ကဗျာတပုဒ်​ပါ…..အ၇မ်းမိုက်​တယ်​ 🙂

commentinfo By: Tway at Dec 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment