Professional Authors

ပြန်မရသော

ခံနိုင်ရည် မရှိ
မပိမရိ အဆုံးသတ်
မုန်းဖို့ခက်တဲ့ လောကပရိရာယ်..
ထိတယ်မိတယ်
ဘ၀ကို ငြိတွယ်မိ
အလှကို ဖက်တွယ်မိ
နေဆယ်စင်း သက်ပြင်းများနဲ့…
လည်ပတ်လျှက်ပါ….။
ပြေးလွှား ဆော့ကစား
ကလေးများ ထက်
အသက်ရှုရ ပိုပိုခက်…..။
မျက်နှာအို ပန်ချီးကားတစ်ချပ်.
စိုးရိမ်ခြင်း စွန့်စားခြင်း
ထိတ်လန့်ခြင်း ဝေခွဲမရခြင်း
ဆေးသား တွေ ထပ်နေလေရဲ့…..။
ငွေကြေးအတွက် ကြေးစားလူငယ်
ဝမ်းရေးအတွက် ခြေလှမ်းတွေ
မရပ်ရတော့
လိုအပ်ခြင်းလား…..
လိုအပ်ချက်လား….
မျှော်လင့်ချက် အမည်နဲ့
အနာဂါတ်ကို စရံသတ်
ငါ့ အိမ်ငါပြန်ရက်တောင် …..
ပြက္ခဒိန်ထဲမှာ ပျက်နေတယ်…။
နှမြောတသခြင်း အိပ်မက်ထဲမတော့
ဟိုးအရင် နေ့ရက်တွေက
တောက်ပလို့ လင်းလက်လို့….။
လူငယ်၊ မိဘ၊ မွေးရပ်၊
သူငယ်ချင်း၊ ကျောင်းတော်ဟောင်း
ကျွန်တော့် နဲ့ ကျွန်တော်တို့အတွက်..
ဆေးရောင်ခြယ်ထားတဲ့ ဓါတ်ပုံ မှတ်တမ်းသတ်သတ်ပါ….လား…။

In: ကဗျာ Posted By: Date: Dec 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment