Professional Authors

မျဉ်းဖြောင်နဲ့ မျဉ်းကွေး

မျဉ်းဖြောင်နဲ့ မျဉ်းကွေး

ငါ့မျက်လုံးထဲက ပေတံကိုမမီလို့
မျဉ်းဖြောင့်လေး တစ်ကြောင်းဆွဲဖို့
ပေတံတွေ မလိုအပ်ခဲ့ဘူး…………
လက်ချောင်းတွေရဲ့
ချိန်သားကိုက် လှူပ်ရှားမှူ့တွေအောက်မှာ
မျဉ်းကွေး တစ်ခုအတွက်နဲ့
ဘာစက်ဝိုင်းခြမ်းမှ ငါမသုံးခဲ့ဘူး……………
မျဉ်းဖြောင့်နဲ့ မျဉ်းကွေးတွေကို
အချိုးကျပေါင်းစပ်ဖို့လဲ
ပုံသေနည်းတစ်ချို့ မလိုအပ်ခဲ့ဘူး
ငါ့ရင်ထဲက ခံစားချက်တွေကိုမမီလို………………..
ကျုပ်ရေးတဲ့အပြုံးတွေထဲ
အမုန်းတရားတွေ နှစ်ကျပ်ခွဲသားလောက်ပါချင်ပါမယ်
ဒီအတွက် ကမ္ဘာကျော်မင်းသမီတွေ မှင်သက်
ကျုပ်ရေးတဲ့ ကောက်ကြောင်းတွေထဲ
အစိပ်အတောက်တွေ တစ်ပြည်သားလောက်ပါချင်ပါမယ်
ခင်ဗျားတို့ သွားရည်(သရေ)ကျချင်ကျပေါ့ ……………….
ဒါပေမဲ့ ကျုပ်ရေးတာ မျဉ်းဖြောင်နဲ့ မျဉ်းကွေးတွေပါ။  ။  ။

နေ့သစ်
8.12.13(11 pm)

In: ကဗျာ Posted By: Date: Dec 11, 2013
Comment #1

မျဉ်းဖြောင့်နဲ့ မျဉ်းကွေးတွေကို
အချိုးကျပေါင်းစပ်ဖို့လဲ
ပုံသေနည်းတစ်ချို့ မလိုအပ်ခဲ့ဘူး
ငါ့ရင်ထဲက ခံစားချက်တွေကိုမမီလို……………….. good. I like.

commentinfo By: moezat at Dec 31, 2013
Comment #2

ပွဲဈေးမှာ ၀ိုင်းအုံကြည့်ကြည့်နေ့တဲ့ လူတွေထဲ တိုးဝင်ကြည့်မိတဲ့အဲ့သည့်နေ့က……. ပန်းချီဆရာ ဆွဲနေတာလေးကို ခံစားမိပြီး ရေးလိုက်တာလေးပါ

commentinfo By: nate thit at Dec 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment