Professional Authors

ပြောမထွက်လို့

မလန်းမဆန်းမှုတွေနဲ့
နိုးထလာခဲ့တဲ့
မနက်ခင်းပေါင်းများစွာ
အားနာပါးနာတောင်းပန်ချင်ပေမယ့်
ခပ်တင်းတင်းစေ့ထားဖြစ်ခဲ့တဲ့
နှုတ်ခမ်းထူထူတစုံ
လှုပ်ရှားခွင့်ခေတ္တရပ်ဆိုင်ထားတယ်..(ကိုယ်တိုင်)

အသံတွေ……အသံတွေ
ငါမုန်းတဲ့အသံတွေ
ဒီအသံတွေနဲ့အတူ
လေမရှိတဲ့အခန်းထဲမှာ
ငါ့ကိုပိတ်လှောင်ထားကြ
အသံတွေကငါ့ကိုသရော်ကြ
တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေက
လိုတာထက်ပိုပိုတင်းလာကြ

မနေ့ကပုပ်သိုးသွားခဲ့တဲ့အတွေးတွေ
နှမျောတသမှုနဲ့ငါကိုင်ကြည့်
ခြစ်ခြစ်တောက်အပူနဲ့အတူ
အရည်ပျော်ခဲ့………….
စိတ်တွေမခိုင်လိုက်တာ
ထစ်ခနဲဆိုငိုချင်တာပဲ
မျက်ရည်တွေအရည်ပျော်သွားခဲ့ရင်
နှမျောစရာ………….။။။

အမရာ

In: ကဗျာ Posted By: Date: Jun 18, 2010
Comment #1

အသံတွေ မုန်းတယ်ဆိုလို့
တိတ်တိတ်လေးပဲ
နေတော့မယ်နော်…. 😛

commentinfo By: မနောဖြူလေး at Jun 18, 2010
Comment #2

ထစ်ခနဲဆိုငိုချင်တယ်တဲ့လား.။ အဆုံးပိုဒ်လေးကြိုက်တယ်…။

commentinfo By: naynyo23 at Jun 18, 2010
Comment #3

စိတ်တွေမခိုင်လိုက်တာ
ထစ်ကနဲဆိုငိုချင်တာပဲ
ကောင်းတယ် ငိုချင်ရင်ငိုလိုက် ရီချင်ရင်ရီလိုက် ကလေးတစ်ယောက်လိုပေါ့ဗျာ စိတ်ထဲမှာတင်းထားတာတော့မကောင်းဘူးဗျ ကျွန်တော့အမြင်ပြောတာပါ လျှာရှည်သလိုဖြစ်သွားရင် so sorry ပါ ကဗျာကောင်းတစ်ပုဒ်ပါ အားပေးသွားတယ် ။

commentinfo By: X - ray at Nov 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment