Professional Authors

နေထွက်ချိန်

ဒေါင်းဖန်ဝါ ရှင်နေမင်း
ဖေါက်ထွင်းခဲ့ နှင်းဖြူပြာ
ထွက်ပေါ်လို့လာ။

နေခြည်ကဖြာ၊ အာကာက လင်း။
သောင်ကမ်းယံ ကျွန်းတွေကြော့မှာ
ဖျော့တော့ရောင်ဝင်း။

နေရောင်ခြည် မြစ်တွင်းသို့
သက်ဆင်းခဲ့ ရွှေရောင်ဖြာ
ဝင်းလက်လက်ဝါ။

ငှက်သံကသာ၊ စာရှာဖို့တွေး။
သိုက်နန်း ပင်ချုံဦးမှာ
မြူးပျံလို့ကြွေး။    ။

In: ကဗျာ,ငွေတာရီ Posted By: Date: Dec 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment