Professional Authors

လုံလောက်ခဲ့ပြီပဲလေ

လုံလောက်ခဲ့ပြီပဲလေ
ေ၀၀ါးနေတဲ့ အခြေနေတွေ
သိမ်းဆည်း နေရယုံတင်
ကွဲကြေနေတတ်တာ
ငါ့အကျင့်လို ဖြစ်နေခဲ့ပါပြီ
ရက်ဆက်နေတဲ့ငိုချင်းရှည်
ပြန်ပြန်ညည်းနေ ရယုံတင်
မျက်ဝန်းတွေစွတ်စိုနေတတ်တာ
ငါ့အကျင့်လို ဖြစ်နေခဲ့ပြါ့ပီ
ခပ်ပါးပါးလေးတိုက်တဲ့လေ
စိမ်းကားမှုတွေနဲ့ မွှန်းထုံနေရယုံတင်
့နှလုံးသားလေးဖျားနာနေတတ်တာ
ငါ့အကျင့်လို ဖြစ်နေခဲ့ပြါ့ပီ
အိပ်မက်ချို တစ်ပုဒ်လိုဖြစ်စေရင်
မက်နေခွင့်ရနေယုံတင်
ငါမနိုးထချင်နေတတ်တာ
ငါ့အကျင့်လို ဖြစ်နေခဲ့ပြါ့ပီ
တစ်စွန်းတစ်စ သတင်းတွေကြားရရင်
ပျော်ရွှင်နေတယ်တဲ့ ဆိုတာနဲ့တင်
ငါ့နှလုံးသားလေး ပျော်နေတတ်တာ
ငါ့အကျင့်လို ဖြစ်နေခဲ့ပြါ့ပီ
ဖမ်းဆုပ်ခွင့်မရှိတာက နင်ဖြစ်ခဲ့ရင်
တည်ရှိနေတဲ့ဆိုတဲ့ အသိလေးနဲ့တင်
့ရှင်သန်မှု အထမြောက်နေတတ်တာ
ငါ့အကျင့်လို ဖြစ်နေခဲ့ပြါ့ပီ
ပိုင်ရှင်မဲ့ပစ္စည်းတစ်ခုဟာ နင်ဖြစ်ခဲ့ရင်
ကူညီခွင့် ရယုံဆိုတာလေးနဲ့တင်
ငါ့ နေတတ် လာတတ်တာ
ငါ့အကျင့်လို ဖြစ်နေခဲ့ပြါ့ပီလေ။         
ရွက်သစ်
04/11/2013
In: ကဗျာ Posted By: Date: Dec 2, 2013
Comment #1

လှလိုက်တဲ့ ကဗျာ

commentinfo By: မုန်တိုင်း at Dec 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment