Professional Authors

ယုံလားတော့ မသိဘူး မာယာတွေ ဟာ အစွယ်တန်းလန်း ခြေလှမ်းကြမ်းတယ်

တောင် check မြောက် check.. ဆန္ဒတွေဖွက်ထားဖို့  မလိုပါဘူး
ကိုယ့် လက်ဖ၀ါးထဲမှာ ကိုယ့်အယူအဆ တမျိုးတည်းပဲရှိတယ်
ကိုယ့်ဆီမှာ
ဝှက်ဖဲ မရှိဘူးညီလေး…

မင်း မနှစ်သက်လို့  ဂရုတစိုက်နဲ့ ပြောင်းလဲ –  ပြင်ဆင်မယ် ပြော
သကာရည်လူး အရူးထမယ့်ကောင်စားလည်းမဟုတ်ဘူး

ဘယ်သူက ဘာ ၊ ဘယ်သူက ဘယ်လို …ဘာတွေညာတွေ ရှင်းပြဖို့  မလိုဘူး

ဘယ်သူတွေအကြောင်း ဖြစ်ဖြစ် ကိုယ်သိချင် သိလိုက်လို့ ရနေတဲ့ခေတ်
စိတ်တော့မဆိုးနဲ့..ညီ
ကိုယ် ဘ ကုန်း တွေ သိပ်မကြိုက်ဘူး
ဒေါင်းကနေသလိုပဲ မင်းလုပ်ရပ်တွေက
ရှေ့မှာ သိပ်လှနေသလိုလိုနဲ့ နောက်မှာ ပြောင်သလင်းထနေတာ
တကိုယ်လုံး လုံအောင် ဖုံးပြီးမှာ လက်မထောင်လည်း နောက်မကျပါဘူး

စပျစ်သီးမဟုတ်ပေမယ့် မရခင်ကတည်းက မင်းအငွေ့အသက် – ချဉ်စော်နံတယ်
ဝ လုံးလေး ပါ ဆိုလို့ ကိုယ့်မှာ  ခြေရောလက်ပါ ကုန်တယ်
ဝိုင်းနေမိတာ
နောက်ဆုံးတော့ သုညကြီး ..ပူဖောင်းလို ဖောင်း ခနဲ ပေါက်သွားမှ အသံကြားရတယ်
ဘာမှကိုမကောင်းပါလားကွာ

မင်းပြောတဲ့ အချစ်အကြောင်း ကိုယ့်နားစည်ထဲရောက်မှ ဗလောင်းဗလဲတွေချည်းဖြစ်နေ
တခါတလေများဆို
ကိုယ်တွေး ရင်း ကိုယ်ရယ် … မင်းက ဟာသတော့ အတော်ကျွမ်းသကိုးကွ ..နော်
ဟိုဟာ သည်ဟာ ဘာတစ်ခုမှ အရေးမဆိုနဲ့
ပြုပြင်ပြီးမှ ဖြစ်လာတဲ့ အရာ .. ရှင်းရှင်းပြောရရင်
ကိုယ်က စာအုပ်ကဖြစ်လာတဲ့ ရုပ်ရှင်တွေတောင် သိပ်ကြည့်တာမဟုတ်

တစ် ပေး ထားတယ် တစ် ..ကြိုက်ရင်ယူ
တစ်ဆယ် မှ ရောက်လာတဲ့အခါ တစ်ဆယ်လေးပဲ ပိုက်ထား
သဘာဝ အခြေအနေကို ပြင်ဆင်ယူမှ စိတ်တိုင်းကျတယ် ဆိုရင်တော့
ငါ့ညီ မင်း စက်ရုပ်ဝယ်ပြီး ကြိုက်တာ လုပ်တော့ကွာ

ကိုယ့်စိတ်ကို မင်း သိဖို့  မလိုဘူး
ကိုယ့် အယူအဆ ဟာ မင်း ဆုံးဖြတ်ချက် မဖြစ်နိုင်ဘူး
ကိုယ် ဟာ ကိုယ်ပဲ ဖြစ်နေပြီး
ကိုယ့် တာဝန်ဟာ ကိုယ်လုပ်ချင်တာ လုပ်နိုင်ဖို့  တစ်ခုတည်းသက်သက်

ဘောင် တွေ ဘ၀ တွေ အကြောင်း လောကဓံ အောင်စာရင်းမှာအမြဲ ရှောင်ချန်ထားခံခဲ့တဲ့ နံမည်ရှင်

ဟိုး ကမ္ဘာဦး အစ ကတည်း မင်းသိဖို့ ကျန်နေတဲ့ ကိစ္စလေး
စေတနာ ထား ပြီး ပြော ပြလိုက်တယ်
အလုံးစုံပြည့်စုံတဲ့ လူ ကမ္ဘာပေါ်မရှိဘူးဆိုတာ ဟုတ်တယ်

အလုံးစုံမပြည့်စုံတဲ့လူ ဒီနေမှာ လာကြည့် ငါ ရှိနေတာ မင်းတွေ့ရလိမ့်မယ်..

In: ကဗျာ Posted By: Date: Dec 1, 2013
Comment #1

စပျစ်သီးမဟုတ်ပေမယ့် မရခင်ကတည်းက မင်းအငွေ့အသက် – ချဉ်စော်နံတယ်
ဝ လုံးလေး ပါ ဆိုလို့ ကိုယ့်မှာ ခြေရောလက်ပါ ကုန်တယ်
ဝိုင်းနေမိတာ
နောက်ဆုံးတော့ သုညကြီး ..ပူဖောင်းလို ဖောင်း ခနဲ ပေါက်သွားမှ အသံကြားရတယ်
ဘာမှကိုမကောင်းပါလားကွာ

အဆင်ပြေ ပျော်ရွှင်ပါစေ … ဒီစာသား မိုက်တယ်ဗျာ။

commentinfo By: MTMN at Dec 1, 2013
Comment #2

ကောင်းတယ်ဗျာ…..
ကဗျာလေး

commentinfo By: moehtetaung18 at Dec 2, 2013
Comment #3

ရင်ထဲကိုထည့်သွားလိုက်တယ်နော် မိုး

Comment #4

ပျောက်ချက်သားကောင်းလှသော ဒေါ်မိုး
အားပေးသွားပါသည်။

commentinfo By: နွေ at Dec 5, 2013
Comment #5

ှနှစ်သက်သဘောကျပါသည်။

commentinfo By: polaris at Dec 7, 2013
Comment #6

super super like sister.

commentinfo By: moezat at Dec 10, 2013
Comment #7

အားပေးသွားတဲ့ ကျွန်တော့် အားဆေးလေးများ အားပေးနေဆဲ ကျွန်တော့် အားဆေးကြီးများ

အားလုံး အထူးကျေးဇူးတင်လေးစားလျှက်ပါ

commentinfo By: အသဲကွဲမိုး at Dec 18, 2013
Comment #8

ဆရာမိုး…. 😀

commentinfo By: နိုးဆက် at Dec 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment