Professional Authors

ထူးပါ့ဦးမလား

သတိရလွန်းတဲ့အခါ
ထိရှဖူးတဲ့ အသည်းက
မင်းရဲ့ ခြေရာလက်ရာအချို့
အလွမ်းပြေနိုင်ကောင်းပါရဲ့

တမ်းတလွန်းတဲ့အခါ
အတန်းဝနားမှာ
သတိလက်လွတ်
ငေးနေမိတဲ့ ငါရဲ့အကြည့်အချို့
ခွင့်လွှတ်နိုင်ကောင်းပါရဲ့

အရမ်းလွမ်းမိတဲ့အခါ
တမ်းတသီကျူး
ပေးခဲ့ဖူးတဲ့
ငါရဲ့ကဗျာအချို့
သိမ်းထားနိုင်ကောင်းပါရဲ့

ငြိမ်းရွှေစင်ရယ်
သိမ်းငွေဇင်တို့လည်း
ခတ်ရဖန်များ နားရသလို
လွမ်းရဖန်များ ရူးတော့မယ်
ငါ့မနက်ဖြန်များ ထူးပါ့မလား

In: ကဗျာ Posted By: Date: Nov 21, 2013
Comment #1

မိုက်တယ်

commentinfo By: ကြက်ခြေခတ် X at Nov 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment