Professional Authors

ငါနင့်ကို အရမ်းလွမ်းတယ်

 

ဝေးပစ်လိုက်ကြတော့မယ်လို့
ဆုံးဖြတ်နေလေ ရင်တွေပိုနာလေ
မရတော့ဘူး
ငါနင့်ကို အရမ်းလွမ်းတယ်

အခုအချိန်မှာ ငါလိုနေတာ နင့်အပြုံး
ဒါပေမဲ့ နင်ပေးနေတာ နင့်အမုန်းတွေ
ဒါပေမဲ့လည်းလေ ငါမရတော့ဘူး
ငါနင့်ကိုအရမ်းလွမ်းတယ်

ဘာကိုမှငါ မဆုံးဖြတ်တတ်တော့ဘူး
ဦးနှောက်မရှိတဲ့ မိန်းမတစ်ယောက်လိုပဲလေ
ဘာလို့လဲဆိုတော့ မရတော့ဘူး
ငါနင့်ကို အရမ်းလွမ်းတယ်

အရင်အချိန်တွေပဲ ငါအရမ်းသတိရနေမိတယ်
ကျစ်နေအောင် တွဲထားခဲ့တဲ့ လက်တစ်စုံကိုလည်း
မရတော့ဘူးဟာ
ငါနင့်ကို အရမ်းလွမ်းတယ်

မချစ်တော့ဘူးဆိုပြီးတော့
မျက်ကွယ်တွေပြုနေပြီပေါ့နော်
ဘာပဲဖြစ်ဖြစ်ပါ ငါရကိုမရတော့ဘူးလေ
ငါနင့်ကို အရမ်းလွမ်းတယ်

ကြက်ခြေခတ်X
17.11.13 sun
4:31pm

 

In: ကဗျာ Posted By: Date: Nov 20, 2013
Comment #1

ကဗျာလေး လှပါတယ်ဗျာ…..

commentinfo By: moehtetaung18 at Nov 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment