Professional Authors

ခေတ်သစ် ကျိန်စာ

 

ငါ ၏မေတ္တာသည်   ပကတိအတည် ကြည်လင်အေးမြ၍

ရင်တွင်းဖြစ်တည်ခဲ့ပါ၏။

တစ်စုံတစ်ယောက်မှ

ထိုမေတ္တာအား ပူလောင် နောက်ကျိစေခဲ့ပါလျှင်

ငါ၏ မေတ္တာစူးပါစေသား…………

ငါ ၏ ချစ်ခြင်း သည် ပကတိအတည် ခိုင်မာတည်ကြည်၍

နှလုံးသာမှဖြစ်တည်ခဲ့ပါ၏

တစ်စုံတစ်ယောက်မှ

ထိုချစ်ခြင်းအား ပျော့ညံ့ ပျက်စီးခဲ့ပါလျှင်

အချစ်နတ်ဘုရားများမှ အပြစ်ပေးပါစေသား…………..

ငါ ၏ သစ္စာသည် ပကတိအတည် မှန်ကန်လေးနက်၍

အသည်း နှင့်ထပ်တူဖြစ်တည်ခဲ့ပါ၏

တစ်စုံတစ်ယောက်မှ

ထိုသစ္စာအား မှားယွင်း ပေါ့တန်စေခဲ့ပါလျှင်

ငါ ၏ သစ္စာစူးပါစေသား……….

ငါ ၏ သိက္ခာသည် ပကတိအတည် လေးနက်ခဲ့ပါ၍

အသက်နှင့်ထပ်တူ စောင့်ထိန်းခဲ့ပါ၏

တစ်စုံတစ်ယောက်မှ

ထိုသိက္ခာအား ဖျက်စီးစေခဲ့ပါလျှင်

 ငါ ၏သိက္ခာစူးပါစေသား……….

ငါ ၏ သံယောဇဉ်သည် ပတကတိအတည် သန့်ရှင်းဖြူစင်ခဲ့ပါ၍

ကိုယ်တွင်းဝယ်ရှိသွေးကြောများတန်ဖိုးထားခဲ့ပါ၏

တစ်စုံတစ်ယောက်မှ

ထိုသံယောဇဉ်အား အရောင်ဆိုးခဲ့ပါလျှင်

ငါ ၏ သံယောဇဉ်စူးရပါစေသား…………….

 

( တန်ဆောင်မုန်းလပြည့်ညတွင်ဆိုသော ကျိန်စာ…)

နာကျင်မှုတွေက နာကျည်းမှုတွေဖြစ်သွားတဲ့

ခရမ်းရောင်

 

 

In: ကဗျာ Posted By: Date: Nov 17, 2013
Comment #1

har poem ka very scary pa lar nar..

commentinfo By: moe zaw naing at Nov 18, 2013
Comment #2

ငါ ၏ သစ္စာသည် ပကတိအတည် မှန်ကန်လေးနက်၍

အသည်း နှင့်ထပ်တူဖြစ်တည်ခဲ့ပါ၏

တစ်စုံတစ်ယောက်မှ

ထိုသစ္စာအား မှားယွင်း ပေါ့တန်စေခဲ့ပါလျှင်

ငါ ၏ သစ္စာစူးပါစေသား……….

commentinfo By: သီရာနို at Nov 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment