Professional Authors

အဖြစ်အပျက် ထိတ်လန့်ခြင်း”

တစ်နေ့နေ့ကျရင်ဆိုတဲ့

မျှော်လင့်ခြင်းနဲ့

ကိုယ့်ကိုယ်ကို လောင်ကျွမ်းခဲ့ရတာ

နှစ်ပေါင်းများစွာ။

 

မနေ့၊ မနေ့တွေကို လှည့်ပြန်ကြည့်တော့

ပြီးခဲ့တဲ့ အဖြစ်အပျက်တွေ

(အမှားအယွင်းများစွာနဲ့)

မနက်ဖြန်၊ မနက်ဖြန်တွေ မျှော်ငေးကြည့်တော့

လာဦးမယ့် အဖြစ်အပျက်တွေ

(ပြင်ဆင်ပြောင်းလဲစရာ များစွာနဲ့)

 

ဒီလိုနဲ့…

(ဘ၀ကို)

မျှော်လင့်ခြင်းတစ်ခုတည်းနဲ့ ရှင်သန်နေရတာ

ထိတ်လန့်လာတယ်။  

 

လှိုင်မျိုး

09th Nov, 2013

 

In: ကဗျာ Posted By: Date: Nov 14, 2013
Comment #1

ဒီလိုနဲ့…

(ဘ၀ကို)

မျှော်လင့်ခြင်းတစ်ခုတည်းနဲ့ ရှင်သန်နေရတာ

ထိတ်လန့်လာတယ်။ ။

အမှန်ပါပဲ .. တစ်ခါတစ်လေမှာ မျှော်လင့်ခြင်းက ကိုယ့်ကိုဖိစီးနေတတ်သလို ..

commentinfo By: မေပျို at Nov 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment