Professional Authors

အတိတ်သို့…….ဆွေးခြင်း

နှလုံးသားအရေးအတွက် အချိန်ပေးတွေးမိတိုင်း
နောင်တ တချို့တ၀က်ရဲ့ ထွက်ဆိုချက်က
သူ့ကို လိုအပ်နေတယ်တဲ့…….
သွေးအေးယောင် ဆောင်ထားပါလျှက်
နွေးထွေးစရာ အတိတ်ကို တရှိုတ်မက်မက်
ဟင့်အင်း…..
ကိုယ်ဟာ ပြတ်သားနိုင်သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထည်ဝါခဲ့ပြီးပြီပဲ…..။

တမ်းချင်းတွေ အလီလီနဲ့ မျက်ရည်တွေ အိုင်ဖွဲ့ထွန်းနေပါစေ…..
သူမသိနိုင်တာကိုပဲ အောင်ပွဲတွေ ခံနေမိ
သူ့ကြောင့် သတ်ပုံမှန်ခဲ့တဲ့ အက္ခရာတွေအကြောင်း
သူ့ရင်ထဲရောက်မနေအောင်
ကိုယ့်ကမ်းပါးမှာ…..မာယာတွေက
ဆယ်ကမ္ဘာစာလောက် တောင်ပုံ ယာပုံပေါ့….။

သစ္စာတွေ သံတူကြောင်းကွဲ ခဲ့တာမို့
မေတ္တာသီးသန့်နဲ့ ဂန္တ၀င်ဆန်ကြည့်ဖို့
ကိုယ့်က အရည်အချင်းမပြည့်မှီခဲ့
“ကိုယ့်အပြင် နောက်ထပ်ရှိနေခဲ့တယ်” ဆိုတဲ့အတွေးက
သူ့ကို ကိုယ့်ခွင့်လွှတ်ခြင်းတွေထဲက
ဆွဲ ဆွဲ ခေါ်ထုတ်သွားတတ်တယ်။

အလိမ်အညာ နက္ခတ်တွေရဲ့အောက်
သံယောဇဉ်ရှိမိသလောက်…..
နေ့ဆွေး ညဆွေး ကိုယ် ငိုကြွေးဖူးပါရဲ့
ပတ်သတ်ခဲ့ဖူးသမျှဟာ….
ခုချိန်မှာ ရင်နာစရာဖြစ်ဖို့သာ အသုံးဝင်တော့လည်း….
……သူဖန်ဆင်းပေးချင်တဲ့ အနာဂတ်
သံသယတွေနဲ့မို့ လာဘ်ပေး လာဘ်ယူ မတည့်ခဲ့….
မှတ်သားတတ်တယ်လေ
ကိုယ်ဟာ သူ့လိုမှ ဒဿ မဆန်ခဲ့ဖူးတာ….။ ။

အလွမ်းကေသရီ

In: ကဗျာ Posted By: Date: Nov 13, 2013
Comment #1

သစ္စာတွေ သံတူကြောင်းကွဲ ခဲ့တာမို့
မေတ္တာသီးသန့်နဲ့ ဂန္တ၀င်ဆန်ကြည့်ဖို့
ကိုယ့်က အရည်အချင်းမပြည့်မှီခဲ့
“ကိုယ့်အပြင် နောက်ထပ်ရှိနေခဲ့တယ်” ဆိုတဲ့အတွေးက
သူ့ကို ကိုယ့်ခွင့်လွှတ်ခြင်းတွေထဲက
ဆွဲ ဆွဲ ခေါ်ထုတ်သွားတတ်တယ်။
…………………
အားပေးသွားပါတယ် ကေ

commentinfo By: နွေ at Nov 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment