Professional Authors

ကဗျာပေါ်သို့  ဖွင့်ဟအန်ချခြင်း ( 3 )

မိသားစုအရေးနဲ့ 
ကျတဲ့ မျက်ရည
သံသရာတကွေ့ 
ထပ်မကြုံပါရစေနဲ့  … ။

ကျေးဇူးကြီးမားပါသော မိဘ
ဆယ်စုနှစ်တစ်ခုတိုင်
တစ်ယောက်တည်းပဲ
ဦးတိုက်ကန်တော့ခဲ့ရ … ။

ပတ်ချာလည် ဆွေမျိုး
ရွှေမမြင်ရရင် … ဒိုး
ငြိုငြင်တာ အမျိုး … ။

တစ်ချို့  တစ်ချို့  တွေမှာ
သာယာကြတယ်
တို့  … တို့ တတွေမှာ
အသိုက်ကွဲတယ် … ။

ချစ်သူ …
မင်းလည်း လင်းဆွဲလိုပဲ
ငါ့ဘ၀ကိုအကောင်းမြင်တတ်တယ် … ။

မပိုင်ဆိုင်ရတဲ့  အ၇ာတွေကိုတောင်
ဆုံးရှံးရတော့မဲ့
မနက်ဖြန်ကိုတွေး …
နေမြင့်လေပြီ … ။

ကဗျာမရေးဖြစ်တာလည်းကြာပြီ / ရွာထဲလည်းမရောက်တာကြာပြီ/
ညီအစ်ကိုမောင်နှမတွေအားလုံးနေကောင်းကြပါစေ ။  🙂

In: ကဗျာ Posted By: Date: Oct 23, 2013
Comment #1

အော် ဒီကဗျာ ရေးတာ ဘယ်သူများလဲ မှတ်တယ်….:)

commentinfo By: ap at Oct 24, 2013
Comment #2

နေကောင်းပါတယ်
မင်းလည်း နေကောင်းပါစေ Loafer
ကဗျာတွေ များများလှသလို စာတွေလည်း များများရပါစေနော် ~

With respect,
RAY

commentinfo By: X - ray at Nov 4, 2013
Comment #3

😉

commentinfo By: ei lay at Nov 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment