Professional Authors

” ရင်ကွဲ….ရသ”

မမေ့ရက်သူနဲ့ မေ့တတ်သူကြား… ကွာခြားချက်တွေက နှလုံးသားမှာပါ ငါ့နတ်သားရယ်…..
နင့်ရဲ့ တဒင်္ဂချစ်တတ်မှုတွေကို မေ့ဖျောက်ဖို့ ငါက….
ထာဝရနီးပါး…. အချိန်တွေပေးဆပ်ရဦးမယ်……။

မဖြစ်နိုင်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ
နင့်ထက် ပိုကြေကွဲနေရသူပါကွယ်….
ရာသက်ပန် အသည်းကွဲမခံနိုင်သူမို့…..
ငါ့အသည်း ငါ ပြန်ခွဲရင်း…..
နင့်ဆန္ဒတွေကို လိုက်လျောပေးခဲ့မိတယ်….
(တကယ်ဆို ငါတို့….အမှတ်တမဲ့ ရင်ခုန်သံတစ်ခုကို အသက်မသွင်း သင့်ခဲ့ဘူးလေ….။)

လက်ဖ၀ါးလေးနှစ်ခုရဲ့ အထိအတွေ့ကို လွမ်းမိတိုင်း…
ရင်က အတိုင်းအဆမဲ့စွာ နာနေရတယ်….
နင် စိမ်းတတ်လိုက်တာ…..နတ်သားရယ်
ငါ့မှာတော့ဖြင့်….
ညဉ့်နက်နက် Conversation တွေ
ပြန်လည် တောင်းတရင်း… သန်းခေါင်ယံတွေထဲ နင့်ခေါ်သံလေးကို မျှော်လင့်နေမိတယ်…။

အပြုံးတွေ ဝေစေခဲ့တဲ့ မျက်ခုံးထူထူပိုင်ရှင်လေးရေ….
ခုဆို
နင့်ကြောင့် ငါ့ရယ်သံတွေ အရေအတွက်လျော့နည်းလာပါပြီ
ငါ့ကို သတိရနေဖို့ နင့်ရင်ဘတ်မအားလပ်မှန်း သိနေသိရက်….
ငါ့အနာဂတ်တစ်လျှောက် ……
နင့်အကြောင်းတွေ ကွက်လပ်လို မထိန်ချန်နိုင်တာ ခက်တယ်…။

ငါ နင့်ကို သိပ်ချစ်တာပါ နတ်သားရယ်…
တရင်းတနှီး လိုအပ်မိခြင်းက နင်နဲ့မှ ခရီးစခဲ့တာပါ စိတ်တို့ ခြေဦးတည့်ရာကလည်း နင့်ဆီသို့သာ အဖန်တလဲလဲ
မချစ်ရင် မနေနိုင်တာကလွဲလို့ သီချင်း ငါ ဘယ်လိုညည်းညည်း ……
နင် ကြားဖို့တော့ မရည်ရွယ်လိုပါဘူးကွယ်…။

ငါ့ရဲ့နက်ရှိုင်းမှုတွေ နင့်ဘက်မှာ သောင်ထွန်းစေဖို့
နင့်ယုံကြည်ရာကိုသာ ငါ စာနာလိုက်လျောလို့…….
(အဝေးကိုပြေးထွက်နေချင်သူပဲလေ… )
……
ချစ်မြတ်နိုးခြင်းတွေ မက်လုံးပေးပြီးေ၀၀ါးမှုတွေ မရှည်လျားစေလိုတော့ပါဘူး…။

တဘ၀စာ အိပ်မက်တွေ ယူငင် ထွက်ပြေးသွားသူရေ….
နင့်ရဲ့ ပြတ်သားနိုင်တွေ ခဏတဖြုတ် ငါ ယူသုံးပါရစေ…

စွန့်လွှတ်နိုင်သူလို့သာ ဂုဏ်တွေမောက်ရင်း… အလွမ်းခါးခါးတွေနေ့စဉ်စားသုံးလိုပါတယ်။

နေရာတကာ နင့်အကြောင်းတွေ တွေးရင်း ငါ့ကိုယ်ငါ ပြန်ကယ်တင်ပါ့မယ်။

တရက်တည်းသော တနင်္ဂနွေလေးထဲ…
တတိတိနစ်မြုပ်နေရင်း… နင် ပျော်ရွှင်နေတယ်ဆိုတဲ့ ခံယူချက်နဲ့ ငါ…အစွန်းနည်းနည်းရောက်နေတယ်။

နင့်ရင်ဘတ်နွေးနွေးပေါ် ပါးမအပ်ခဲ့ဖူးသလို
နင့်ရင်ခွင်ကိုလည်း ငါ မနာကျဉ်စေချင်တဲ့သူပါလေ….။
ကျေ ကျေ နပ် နပ် ကြီး သာ ရက်စက်မှုတွေထဲ ပျော်ပိုက်နေပါတော့လေ…..
ငါ့အတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့
နင် နှစ်သက်ရာနေ့စွဲတွေ ရှာမှီး…. ခံစားချက်တွေ ဖွဲ့စည်းနေပါတော့…။

နင် လွှတ်ချ ပစ် ခဲ့တဲ့……ငါ့ ရှင်သန်ရခြင်းတွေထဲ…
နင် အမြဲရှိနေတုန်းပဲဆိုတာကို ကွယ်ဝှက်
နင်ရှိနေသေးတယ် ဆိုတဲ့အတွေးနဲ့
ငါ့နှလုံးသွေးတို့ကို ထာဝရ လည်ပတ်စေပါ့မယ်ကွယ်။ ။

အလွမ်းကေသရီ

In: ကဗျာ Posted By: Date: Oct 21, 2013
Comment #1

ရေးချက်တွေကရင်နင့်စေလို့ ဘယ်အချိန်အသစ်ထွက်မလဲဆိုတာအရိပ်တကြည့်ကြည့်နဲ့စောင့်ဖတ်ရတယ်။
အားပေးသွားပါသည်။

commentinfo By: သီရာနို at Oct 22, 2013
Comment #2

အပြုံးတွေ ဝေစေခဲ့တဲ့ မျက်ခုံးထူထူပိုင်ရှင်လေးရေ….
ဒီစာသားလေးတွေ့တော့ ပြုံးမိပါတယ် ကျွန်တော်လည်း မျက်ခုံးထူတယ်ဗျ ကျွန်တော့ကိုတော့ တစ်ယောက်ကမှ အဲ့ဒီလိုဖွဲ့ဖွဲ့နွဲ့နွဲ့မပြောဖူးဘူး Anyway, ကဗျာလေး အရမ်းမိုက်ပါတယ် မဖတ်တာကြာလို့လားမသိဘူး ကဗျာတွေက ဟိုးအဝေးက တိမ်တွေပေါ်ရောက်နေသလိုပဲ ခံစားရတယ် ~

With respect,
RAY

commentinfo By: X - ray at Oct 22, 2013
Comment #3

ကျေးဇူးပဲ RAY ရေ…..
သီရာနို လည်း အားပေးတာ ကျေးဇူးပါနော်

commentinfo By: kaythari at Nov 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment