Professional Authors

“သူမ” မရှိရင်လုံးဝမဖြစ်

ကျနော့်ရဲ့ မနက်ခင်းဆိုတဲ့အရာက
နေအလင်းတွေ လင်းနေပြီး
ပန်းရနံ့တွေ သင်းနေဖို့မလို
သူမရဲ့ အနမ်းလေးတပွင့်နဲ့
“Good Morning” ဆိုတဲ့
စာလေးတကြောင်းပဲ လိုတယ်…

ကျနော့်ရဲ့ နေ့လည်ခင်းဆိုတဲ့အရာက
နေမွန်းတည့်လို့ အပူရှိန်ပြင်းပြီး
လေရူးတွေ တိတ်ဆိတ်နေဖို့မလို
သူမရဲ့တီတီတာတာ စကားလုံးတွေနဲ့
“နေလည်စာ စားတော့” ဆိုတဲ့
စာလေးတကြောင်းပဲ လိုတယ်…

ကျနော့်ရဲ့ ညနေခင်းဆိုတဲ့အရာက
လူတကာ ပြောပြောနေတဲ့
သိပ်လှတဲ့ ညနေဆည်းဆာဖြစ်ဖို့မလို
သူမရဲ့ ညီညီညာညာ အပြုံးလေးတွေနဲ့
“ကောင်းကောင်းပြန်ပါ” ဆိုတဲ့
စာလေးတကြောင်းပဲ လိုတယ်…

ကျနော့်ရဲ့ ည ဆိုတဲ့အရာက
လမင်းလေး လေညင်းခံးပြီး
ကြယ်ကလေးတွေ ခစားနေဖို့မလို
သူမရဲ့ “Good Night” နဲ့
“မျက်နှာအတူတူသစ်ဖို့” ဆိုတဲ့
စာလေးတကြောင်းပဲလိုတယ်…

ကျနော့်ရဲ့ ဘ၀ဆိုတဲ့အရာကလဲ
လူတကာ ပြောပြောနေတဲ့
သိပ်ခန့်ညားတဲ့ နတ်သမီးရှိဖို့မလို
ကျနော့်ကို ချစ်ခင် လေးစား
မြတ်နိုး တန်ဖိုးထားတဲ့
“သူမ” ဆိုတဲ့ ကောင်မလေးရှိဖို့ပဲလိုတယ်…

မူးယစ်ဆေးဝါး သုံးစွဲတဲ့လူတယောက်က
မူးယစ်ဆေးဝါး မရှိရင်မဖြစ်သလိုပေါ့…
သူမဆိုတဲ့ ကောင်မလေးကို
ကျနော်ဆိုတဲ့ ကောင်က ချစ်မိတော့လဲ…
ဒီကဗျာရဲ့ ခေါင်းစဉ်လေးအတိုင်းပေါ့…

In: ကဗျာ Posted By: Date: Oct 14, 2013
Comment #1

I like it par

commentinfo By: Himuhara at Oct 14, 2013
Comment #2

like like

commentinfo By: raingirl at Oct 15, 2013
Comment #3

super cool!
envy her!

commentinfo By: ကြက်ခြေခတ် X at Oct 15, 2013
Comment #4

Good poem lay par

commentinfo By: Himuhara at Oct 15, 2013
Comment #5

thx u all… long time no see…

commentinfo By: deadxromeo at Mar 9, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment