Professional Authors

အမုန်းကဗျာ

နင် နဲ့ ငါ တဖြည်းဖြည်းနဲ့ ပိုပိုဝေးသွားသလို
အချိန်မှီပြင်ဆင်ခွင့်ရှိရင်တောင် လှည့်မကြည့်ချင်တော့သလို
ကော်ဖီသောက်တိုင်း သတိရနေမဲ့အစား
ကော်ဖီကိုတစ်ယောက်ထဲ သောက်တတ်အောင်ကျင့်နေမိ
အရာရာဟာလည်း တကယ်တော့
ကျိန်စာပြယ်ကာစလို အသစ်ချပ်ချွပ် ခံစားချက်မဲ့
ရက်စက်တယ်လို့ အပြစ်တင်ကြမဲ့အစား
ပါးစပ်ပိတ်နေရတာကိုပဲ ပိုနှစ်ခြိုက်မိလာခဲ့
အမှတ်တရတွေကိုပဲ နာကျည်း
အခါခါတမ်းတမဲ့အစား အိပ်မက်ဆိုးကြီးလို ကြောက်ရွံ့
အတိတ်တွေက ငါ့ရဲ့လက်ရှိနောင်တတွေ မွေးဖွားရာ

အဲဒီလိုနဲ့ပဲ. နင် နဲ့ ငါ လည်း တဖြည်းဖြည်းနဲ့ ပိုပိုဝေးသွားတာထက်
အဝေးဆုံးကို ထွက်ပြေးလိုက်တော့တယ်

ကြက်ခြေခတ်X
4:03 pm 13 oct 2013 sun

 

In: ကဗျာ Posted By: Date: Oct 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment