Professional Authors

“နှလုံးသားဆုံမှတ်“ (ဝေဟင်)

ချစ်ရေ…….
ချစ်လေးကမ်းတဲ့ လက်တစ်စုံမှာ
တောက်ပတဲ့အနာဂါတ်တစ်ခု ရလိုက်ပြီး
ငါဟာ လူဖြစ်လာခဲ့ပြီ……။

ဒီနေ့ကိုအကောင်းဆုံး ဖြက်ကျော်နိုင်ပြီး
မနက်ဖြန်ကိုရင်ဆိုင်ဖို့ ခွန်အားသစ်တွေကို
ချစ်ရဲ့တွဲလက်တစ်စုံနဲ့ပြည့်စုံခဲ့ပြီ………….။

ချစ်ရေ……
အကို့ပခုံးလေးထက် မှီထားပါ
ကုမုဒြာ ပန်းလေးတွေ မျှော်တဲ့
လရောင် အေးအေးလေးကို
တို့နှစ်ယောက်လည်း အတူတူ
ခံစားခွင့်ရှိပါတယ်…….။
ညရဲ့အိန်ဂျယ်က
အပြာရောင်နောက်ခံမှာ
ကြယ်တာယာတွေ ဖြန့်ကြဲပြီး
ရေးဆွဲနေတဲ့ ညပန်းချီကား
တို့အတူတူထိုင်ကြည့်ရင်း
နှစ်ယောက်ထဲကြားနိုင်တဲ့ ဂီတ
နှလုံးသားကိုယ်စီနဲ့ နားဆင်ကြမယ်လေ…………..။

သိပ်လှတဲ့ ညလေးပေါ့….
ဘာသာစကား
စကားလုံးမရှိပဲ
မျက်ဝန်းချင်းဆုံတဲ့ ခဏ
တို့ဘ၀ကို စ ခဲ့ပြီ
ခိုင်မာတဲ့ သံယောဇဉ်မေတ္တာ
နားလည်မှုတွေနဲ့ ယက်လုပ်
အချစ်ဆိုတဲ့ ကြိုးတစ်ချောင်းနဲ့
တို့နှစ်ယောက်လုံးကို ချည်တုတ်ထားလိုက်ပြီ
နှလုံးသား ဆုံမှတ်တွေ
ဘယ်တော့မှ မလွဲတော့ဘူး…….။

ဝေဟင်

In: ကဗျာ Posted By: Date: Oct 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment