Professional Authors

ဖြစ်နိုင်ရင်အစွဲအလမ်းမကြီးချင်ပါဘူး ဝေဒီ


ခက်တာပဲ သူ့စိတ်ကျချိန်တွေကို လူတစ်ယောက်ရဲ့စကားတွေနဲ့ ကျော်သွားချင်နေဆဲကို
 
စိတ်ရှိလက်ရှိပေါက်ကွဲဖို့တောင် စိတ်မရှိတော့ဘူးလား ဝေဒီ
မယုံရမှန်းသိခဲ့ပေမယ့် ယုံချင်ခဲ့တာ ယုံနေခဲ့သမျှ အဆုံးထိသိပြီးချိန်မှာ အကောင်းဆုံးက Done for You သီချင်းနဲ့အတူ ခပ်ကျယ်ကျယ်ရယ်လိုက်ပါ
အနာကျင်စေဆုံးလူက အချစ်ဆုံးလူပဲဖြစ်နေမှာ
လူတယောက်က လူတယောက်ကိုစောင့်နေခြင်းမှာ
ပြန်လာမယ်ဆိုတဲ့ကတိ မလိုဘူး
ပြန်လာမှာပါဆိုတဲ့အတွေးတွေ မပါဘူး
လိုနေမယ်ဆိုတာတွေလည်း မဟုတ်ဘူး
တချိန်ပျော်ရွှင်ရဖို့ကိုလည်း မမျှော်ဘူး
ဒီအတိုင်းပဲငါစောင့်နေမယ် ငါစောင့်နေတယ်
စိတ်မကျန်းမာတဲ့လူတစ်ယောက်ရဲ့အခန်းမှာ အဲ့လိုရေးထားတယ်ဝေဒီ
I will save myself ဆိုပြီး ကားတိုက်သေသွားတာမျိုးတွေလည်းတွေ့ဖူးတယ်
ဝမ်းနည်းမှု့ကနေ အရောင်ပြောင်းသွားတဲ့ နာကျင်ရိုင်းစိုင်းမှု့တွေကို ငါသိပ်ကြောက်တယ်
ပျော်ရွှင်နေတဲ့လူတွေကိုကြည့်ပြီး ပြုံးရတဲ့အပြုံးတွေ ထပ်မတတ်နိုင်တော့ဘူး
မျက်ရည်တွေဟာ အလိုလို
ကြက်သီးထမှု့တွေ ဟာ အလိုလို
တခုခုကို ကိုက်ဖြတ်ချင်စိတ်တွေဟာ အလိုလို
ငါ့ကိုယ်ငါ အမှောင်ထဲ ထား ရ မှာကို မရဲတော့ဘူး ဝေဒီ
သူထင်သလို တချို့စကားတွေက ငါ ယောင်ပြီးပြောမိတာပဲ ဖြစ်ခဲ့ပါလိမ့်မယ်
ဟိုတုန်းကဆို သိပ်ပျော်စရာကောင်းခဲ့တာတွေနဲ့
ငြိမ်သက်ရုံပါပဲပေါ့။ ။
Done for You … Black veil Brides
 
မြေနံ့

၂၉..၂၀၁၃

In: ကဗျာ Posted By: Date: Oct 5, 2013
Comment #1

အနာကျင်စေဆုံးလူက အချစ်ဆုံးလူပဲဖြစ်နေမှာ….။။။

commentinfo By: နွေ at Oct 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment