Professional Authors

ငါရင်ကွဲလို့ သေချင်သေပါစေ

ငါ အစွဲအလမ်းသိပ်ကြီးတယ်ဟာ…….
ဒီလို အစွဲအလမ်းကြီးတဲ့ ငါ့ကို ဘာလို့ တကယ်မချစ်နိုင်ဘဲနဲ့ 
ဆွဲဆောင်ခဲ့တာလဲ…………..။
ငါက ယောက်ျားတွေဆိုရင်
သစ္စာမရှိ မျက်နှာများတာကို
သေအောင်မုန်းတာပါ………ဒါကိုလဲ နင်သိပါတယ်
ဘာကြောင့် ပြိုတော့မဲ့မိုးလို မိုးသံတွေချိမ်းပြီး – အဆုံးစွန် ငါ့အပေါ်ကြိုးစားခဲ့တာလဲ
ငါတကယ်မသိခဲ့ဘူး…နင်ငါ့နဲ့ နီးစပ်ဖို့ ကြိုးစားနေချိန်မှာ 
မိန်းကလေးတစ်ယောက်ကို ချစ်ရေးဆိုပြီး အဖြေစောင့်နေတယ်ဆိုတာ
နင်ကငါ့ကို အပျော်သဘောထားခဲ့တယ်လား…။
ဒါနင့် အကြံအကုန်ပဲလားဟာ။
ငါနင့် အကြံတွေ အကုန်သိပြီ။
နင်ကတော့ နင်ကောင်မလေးရသွားတာကို ငါသိတာတောင်
အေးဆေးပဲကိုး။
ငါက မိန်းကလေးပါဟာ။
ငါမှာ မျှော်လင့်ရုံမှအပ ဘာမှ မလုပ်နိုင်ပါဘူး။
ဒါပေမဲ့ သေချာတာတစ်ခုက နင့်ကောင်မလေးကို ငါ့မမုန်းဘူး။
ငါမိန်းကလေးချင်းကိုယ်ချင်းစာတယ်ဟာ
ငါကြောင့် ဘယ်မိန်းကလေးမှ 
စိတ်မဆင်းရဲစေရဘူး။
ငါကိုယ်တိုင်လဲ ကိုယ့်ချစ်သူက မကောင်းတဲ့သူမဖြစ်စေချင်ဘူး။
ကိုယ့်ချစ်သူ သစ္စာပျက်မှာလဲ မလိုလားဘူး။
ဒါကြောင့် ငါလုံးဝ ရှေ့မဆက်တော့ဘူး။
(နင်နဲ့ ပတ်သက်ပြီး)
လုံးဝ မကြိုးစားတော့ဘူး။
အားလုံးကို စိတ်လျှော့လိုက်ပြီ။
ဒါပေမဲ့ ငါနင့်ကိုတော့ 
စိတ်နာတယ်
ငါ့ကို ကစားတယ်
မိန်းကလေးတွေကို တန်ဖိုးမထားဘူး။
စိတ်ချ
ငါနင်နဲ့ ဝေးသထက်ဝေးစေရမယ်
ငါရင်ကွဲလို့ သေချင်သေပါစေ။
နင့်အတွက် နောက်တစ်ခါ မကြည်ဖြူတော့ဘူး….
@လမင်းမေ ( 11:20 AM Sat 5/10/2013)
In: ကဗျာ Posted By: Date: Oct 5, 2013
Comment #1

ကောင်းတယ်အစ်မကဗျာလေးက

commentinfo By: masterlay at Oct 6, 2013
Comment #2

ကျေးဇူးပါ … 🙂

commentinfo By: may zune at Oct 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment