Professional Authors

နန်းကြာဖြူ

ပန်းဝတ်မှုန် ကြာတစ်ပွင့်နဲ့
ဒီဆိပ်ကမ်းမှာ ကြိုနေခဲ့ပေမယ့်လဲ
ဝေးခဲ့ရပြန်ပြီ နန်းကြာဖြူရယ်…
ကြုံတွေ့ရတဲ့ ခံစားမှု့ ကို
ရှင်းပြဖို့ စကားလုံးတွေ အများကြီး လိုအပ်တယ်တဲ့လေ..
ဘယ်လို လုပ်ရမလဲ နန်းရေ..
ငါဆိုတဲ့ ကောင်က စကားလုံးတွေကို မုန်းတာထက်ပိုတယ်..
သို့ပေမယ့် နန်းကြားနိုင်အောင်လို့
ဝသုန်ကတဆင့် ပါးလိုက်ပါ့မယ်..
ဒီတောင် ဒီမိုးအုပ်အုပ်နဲ့ ဒီကောင်
အသံဝဲဝဲလေးနဲ့ အော်ဟစ်လိုက်တယ်..
“ငါသိပ်လွမ်းတယ် နန်းကြာဖြူရေ”…..။   ။ 

In: ကဗျာ Posted By: Date: Oct 3, 2013
Comment #1

နန်း ကြားပါစေ … 🙂

commentinfo By: မေပျို at Oct 5, 2013
Comment #2

ကျေးဇူးဘဲနော်..

commentinfo By: ဖိုးနမ်း at Oct 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment