Professional Authors

လွင်ပြင်ဆန်သောနာရီ

လွင်ပြင်ဆန်သောနာရီ

အရေခွံဖယ်ရင်
အတုတွေပဲ ကျန်တဲ့
လူ့ အန္ဓများ …..
ဟောသည့် မြေကို
နင်းနင်းချေချေ စီးစီးပိုးပိုး
ကျုပ် စိတ်အမောဖောက်တယ်

အရိပ်နေ အခက်ချိုး
ခံယူချက်တွေ ဆန်တက်ပုံက
အဖြူထည်တွေ စား မျို ….
ဟောသည့် ရေကို
သူတို့လက်ခုပ်နှင့်
မတူသလို မတန်သလို
ကျူပ် စိတ်အမောဖောက်တယ်

အလှည့်ကျ မနွဲ့စတမ်း
အတုတွေ ၀တ်တဲ့ အရေခွံနှင့်
အမိုက်ဖုံး ရာသီတွေ
ပြို … ကွဲ … စီးကျ
အားလုံး …
ပုဝါမကူ ရေမရှုကြေး

မေပျို (YIOE)

In: ကဗျာ Posted By: Date: Oct 1, 2013
Comment #1

ဘာတွေ အစာမကြေဖြစ်နေတာလဲကွယ် 🙂

commentinfo By: miss tower at Oct 2, 2013
Comment #2

🙂

commentinfo By: မေပျို at Oct 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment