Professional Authors

နှစ်ခွန်းဈေး

        နှစ်ခွန်းဈေး
ထားခဲ့ပီး ကျောခိုင်းသွားမယ်ဆို
နင်နောက်လှည့်လို့ ပြန်မကြည့်ပါနဲ့
ငါလိုက်လာမှာ မဟုတ်ဘူး၊
ဒါပေမဲ့ နင်ပြန်လှည့်လာလေမလား…..
မျှော်လင့်ရင်း ငါစောင့်နေဆဲ။ ။

တစ်ကြိမ်၊နှစ်ကြိမ် တောင်းလို့မရပေမယ့်
သုံး၊လေးကြိမ် တောင်းလို့ ရခဲ့ရင်တောင်
ငါလိုချင်တဲ့ ရိုးသားခြင်းတွေမှာ
ဟန်ဆောင်ခြင်းတွေကပ်ငြိ၊ အားနားခြင်းတွေ ရောထွေးလာမှာစိုးလို့
လိုချင်တာကို နှစ်ကြိမ်ထပ် ပိုမတောင်းတာ
ဆယ်စုနှစ်တွေ ခပ်ဝေးဝေးကြာခဲ့ပြီရော။ ။

လူသားတစ်ယောက်ရဲ့ လူသားဆန်စွာ
လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို
နှစ်ကြိမ်မြောက်မှာ အတိအကျ
အသိအမှတ်ပြုပေးရင်း………….။ ။

နေ့သစ်
10.06 pm
28.9.2013

In: ကဗျာ Posted By: Date: Sep 28, 2013
Comment #1

နှစ်ကြိမ်မြောက် ….

commentinfo By: မေပျို at Sep 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment