Professional Authors

သံသယ

သံသယ

မြူဖုံးတဲ့ နွေလို
သွေးအေးအေး မပြုံးစမ်းပါနှင့်
ဒီဇင်ဘာရယ်
အမုန်းကျွမ်း ငါ့ နှလုံးသားဟာ
မြို့ပျက်တွေအတွက်
အလေ့ကျ ဖြစ်ထွန်းပြီးသားမို့ပါ …။

အရှင်သေ သေခဲ့တဲ့
ငါ့ အိပ်မက်တွေက
သူစိမ်းဆန်ဆန် လှောင်ရယ်ဟားတိုက်တယ်
ငါ့ကိုယ်ငါထက်
သူ ပြောတတ်တဲ့
ယုံတမ်းစကားတွေကို ပိုယုံကြည်လို့တဲ့ ..။

အထီးကျန်မှုဆိုတာ
ငါ့အတွက် သွေးရင်းသားရင်းလို
သဘောသဘာဝတစ်ခု …
မလွန်ပါဘူး နင် မမှားခဲ့ဘူး
ချိန်စက်ကြည့်မယ်ဆို
ငါ့ ရင်ဘယ်ဘတ်ခြမ်းက
နင့် ပုံပြင်တွေထက် ပိုလေးလံတဲ့အကြောင်း
ငါ ယုံအောင် မပြောတတ်ခဲ့တာ
အပြစ် ……………..။

ခုတော့
အနီးဆုံးကနေ စိတ်တွေဝေးလို့
အဝေးဆုံးကနေ ပြန်နီးစပ်ချင်လည်း
ငါ့ ကန့်လန့်ကာ
ငါ ပြန်ပိတ်မိပြီးနောက်ပိုင်းမှာ
…………………………………………….
ငါ တစ်ယောက်တည်း

ဟုတ်တယ်

ငါ့ တစ်ယောက်တည်း ….။

မေပျို (YIOE)

In: ကဗျာ Posted By: Date: Sep 28, 2013
Comment #1

တစ်ယောက်တည်း….တဲ့လား…

commentinfo By: bone lay htet lwint at Sep 29, 2013
Comment #2

ငါ့တစ်ယောက်တည်း….

commentinfo By: နွေ at Sep 30, 2013
Comment #3

တစ်ယောက်တည်း ………

commentinfo By: မေပျို at Sep 30, 2013
Comment #4

ငါ့ ရင်ဘယ်ဘတ်ခြမ်းက နင့် ပုံပြင်တွေထက် ပိုလေးလံတဲ့အကြောင်း ငါ ယုံအောင် မပြောတတ်ခဲ့တာ အပြစ် ……………..။

commentinfo By: miss tower at Oct 2, 2013
Comment #5

သံသယ တွေ ထား ရှိ နေ တာ ဆိုး တယ် နော်

commentinfo By: ei lay at Oct 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment