Professional Authors

အမည်းစက်

ပျော်ရွှင်မှုရဖို့  အချိန်အကြာကြီးပေးပြီးမှ
ကြိုးစားခဲ့ရတယ်………….
ဒါပေမယ့် အမုန်းတရားလေးတစ်ခုကြောင့်
လဲပြိုသွားတော့ တဒင်္ဂလေးပဲ…………
ရင်းနှီးမှုရဖို့ ချိုသာတဲ့စကားများစွာပြောပြီးမှ
ကြိုးစားခဲ့ရတယ်………….
ဒါပေမယ့် မှားယွင်းတဲ့စကားလေးတစ်ခွန်းကြောင့်
လဲပြိုသွားတော့ တဒင်္ဂလေးပဲ…………
အောင်မြင်မှုရဖို့ ရုန်းကန်လှုပ်ရှားပြီးမှ
ကြိုးစားခဲ့ရတယ်………….
ဒါပေမယ့် ဆိုးရွားတဲ့ကံကြမ္မာကြောင့်
လဲပြိုသွားတော့ တဒင်္ဂလေးပဲ…………
ဒါဘာကြောင့်လဲ………….
သြော်လောကလောက
အဖြူရောင်ပိတ်ကားကြီးပေါ်မှာ
အမည်းစက်လေးကျသွားသလိုပါပဲလား…………

In: ကဗျာ Posted By: Date: Sep 25, 2013
Comment #1

မိုက်တယ်

commentinfo By: မေပျို at Sep 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment