Professional Authors

၂၀ ကျော် (၁)….

(၁)
အခွင့်အရေး တစ်ခါပဲရတတ်တာရယ်…..
ဝီစကီ ၂ပတ်ပဲ သောက်တတ်တာ ရယ်…
ပြီးတော့… ခပ်ဆွေးဆွေး အလွှမ်းသီချင်းတွေကို….
အရက် မူး လာမှ… ခပ်ဟဟ… လေး…..
ညညိးပြတတ်တာရယ်……

အသက် ၂၀ ကျော်လာမှ…..
လူပျိုပေါက်ကလေးနဲ့ တူလာတယ်…..
ပြီးတော့..၀ါရင့် အရက်သမား တစ်ယောက်ရဲ့
မျက်နှာကျ မျိုးနဲ့ လည်း တူတယ်….
ဘာပဲ ဖြစ်ဖြစ် လေ….
သူ့မှာချစ်စရာမိန်းမတစ်ယောက်၇ှိနေတာကိုပဲ
ဂုဏ်ယူရတော့မလို….။

အရက် အလွန်အကျွံသောက်ပြီးနောက်တစ်နေ့နဲ့
ချစ်သူတစ်ယောက် ကိုစိတ်ဆိုးအောင် ပြသနာရှာပြီး 
နောက်တစ်နေ့ ဟာ …. တူညီ တယ်….
နောင် တသာရတတ်ပြီး….
နောက်တစ်ကြိမ် ကျူးလွန်ဖို့ ၀န်မလေးတတ်ပါဘူးတဲ့…။

အသက်၂၀ကျော် လာမှ….
ရုပ်ဆိုးလာတယ်…အကျင့်ပုပ်လာတယ်…
ခပ်ညစ်ညစ်လေးညှင်းတတ်လာတယ်
ကျော်တတ်ခွတတ်လာတယ်…..
ပြီးတော့…ခံတပ်ကိုလည်း စနစ်တကျ ဆောက်တတ်လာတယ်။

In: ကဗျာ Posted By: Date: Sep 25, 2013
Comment #1

🙂

commentinfo By: ei lay at Sep 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment