Professional Authors

တိုက်ပွဲများအား..အောင်နိုင်ခြင်း

ဝီ…..ဝီ….ဝီ
အော်သံတွေ ဆူညံနေတဲ့ ပြတင်းပေါက်ဘေး
ကျွန်တော် အခုရှိနေတယ်

ကဗျာတစ်ကြောင်းရေး…ဖျက်လိုက်
ထပ်ရေး….အကုန်ခြစ်ချပစ်တယ်..

ရင်ထဲမှာ လတ်လတ်လောလောဖြစ်နေတာက
မက်မက်စက်စက်……အာသီသ
အရက်ပြင်းပြင်း…….မဟုတ်သေးဘူး
ရမက်ပြင်းပြင်း……ဒါလဲမဟုတ်ဘူး

ပြတင်းပေါက်ဘေး ပြေးကြည့်လိုက်တယ်
တောက်…….ဘာမှန်းမသိတဲ့..အကောင်တစ်ကောင်
ဒုန်း….တံခါးကိုပြင်းပြင်းဆွဲပိတ်ပစ်တယ်

အသံတွေပျောက်…တိတ်လို့ ဆိတ်လို့ 
တစ်ယောက်ထဲပြုံးမိသွားတယ်
ဘေးဖက်လှည့်တော့ မှန်တစ်ချက်…
လူတစ်ယောက်……တိုက်ပွဲပေါင်းများစွာ အောင်မြင်သူ စစ်သူကြီးလိုပြုံးပြီး
ကျွန်တော့်ကို ကြည့်နေလေရဲ့ဗျာ…….။

In: ကဗျာ Posted By: Date: Sep 14, 2013
Comment #1

😉

commentinfo By: ei lay at Sep 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment