Professional Authors

စကားပွင့်လေး…ညို

အဖျားမြင့်ဝေးဝေးက

ငွါးစွင့်မွှေးလေတဲ့…စကားပွင့်ကလေး..ညို

အခုဆိုမှတ်မိပါ့အုံးမလား…

မင်းထားရစ်ခဲ့တဲ့ဘ၀မှာ..

ငါဟာခုထိနေသားမကျနိုင်သေးပါဘူး..

ရူးတယ်လို့ပြောချင်သေးလား…

အားမနာပါနဲ့ကွယ်…

တစ်ကယ်ဆိုကြာခဲ့ပြီပဲ

ဒီအသဲကိုက..အစွဲအလန်းကြီးလွန်းတာ

ညို..သိသင့်တာပေါ့

အခုတော့

မျှော်လင့်ခြင်းတို့ကိုဆုပ်ကိုင်ရင်း

သတိရခြင်းနိုင်ငံထဲမှာ

ငါ..တစ်ယောက်တည်းပါ….

(အခုထိ)

ငါ..တစ်ယောက်တည်းပါ….

                                       နော်ဧရာဝတီ

In: ကဗျာ Posted By: Date: Jun 17, 2010
Comment #1

အရမ်းကောင်းပါတယ်

commentinfo By: kyi kyi at Jun 17, 2010
Comment #2

ဖတ်ရှူအားပေးတဲ့အတွက်..ကျေးဇူးပါ…

commentinfo By: နော်ဧရာဝတီ at Jun 17, 2010
Comment #3

ကဗျာလေးက ဖတ်ရတာတော်တော်ကောင်းပါတယ်..။အရေးအသားလဲကောင်းပါတယ်။
အားပေးသွားတယ်နော်..။

commentinfo By: naynyo23 at Jun 17, 2010
Comment #4

ကျေးဇူးအများကြီးတင်ပါတယ်..ဆက်လက်အားပေးပါနော်

commentinfo By: နော်ဧရာဝတီ at Jun 17, 2010
Comment #5

ရိုးရိုးရှင်းရှင်းလေးနဲ့ ကောင်းတဲ့ကဗျာလေးပါပဲ….

commentinfo By: thukhacho at Jun 17, 2010
Comment #6

ကောင်းပါတယ်ဗျာ
ခံစားမှု့ ခြင်းတူတော. ဖတ်ရတာ ပိုကောင်းပါတယ်။

commentinfo By: khaingnay at Jun 17, 2010
Comment #7

အဖျားမြင့်ဝေးဝေးက

ငွါးစွင့်မွှေးလေတဲ့…စကားပွင့်ကလေး..ညို …

အရမ်းမိုက်တယ် နော်လေးရေ

commentinfo By: harry at Aug 16, 2011
Comment #8

မျှော်လင့်ခြင်းတို့ကိုဆုပ်ကိုင်ရင်း

သတိရခြင်းနိုင်ငံထဲမှာ

ငါ..တစ်ယောက်တည်းပါ….

(အခုထိ)

ငါ..တစ်ယောက်တည်းပါ….

commentinfo By: အသဲကွဲမိုး at Dec 14, 2011
Comment #9

အခုဆိုမှတ်မိပါ့အုံးမလား…
မင်းထားရစ်ခဲ့တဲ့ဘ၀မှာ..
ငါဟာခုထိနေသားမကျနိုင်သေးပါဘူး..
ရူးတယ်လို့ပြောချင်သေးလား…
ဒီအသဲကိုက..အစွဲအလန်းကြီးလွန်းတာ

commentinfo By: poohmay at Mar 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment