Professional Authors

လွမ်းခန်း

                                                              လွမ်းခန်း
             
မင်္ဂလာပါ နံနက်ခင်း…….
သူမသည်
‘မင်္ဂလာပါ’ မလိုသော နံနက်ခင်း…..
နေ့သစ်တိုင်းမှာ အစဉ်အမြဲ လန်းဆန်းနေတတ်သည်
သူမသည်
မရယ်ရသောပြက်လုံးတစ်ပုဒ်…..
ကြက်သေသေနေသော ကျွန်တော့်ကိုကြည့်ပြီး
ပြန်လည် ဟားတိုက်တတ်သည်…..
သူမသည်
တယုတယပျိုးခဲ့သော အဆိပ်ပန်း……
ဆူးအပြည့်နှင့်ရင်ခွင်ကိုမှ
လှောင်ပြုံးတွေ မနားတမ်းခြွေချပေးချင်သည်…..
သူမသည်
အတွေ့အကြုံအားဖြင့် လိမ္မာပါးနပ်သူ……
ကျွန်တော်ချနင်းသောအရူးကွက်များကိုရှောင်တိမ်းရင်း
မျက်လုံးတစ်ဖက်ကို ကျင်လည်စွာမှိတ်ပြတတ်သည်…
သူမသည်……’သူမ’ ဖြစ်သည်
သူမကို ကျွန်တော်တွေ့ပြီးသည့်နောက်
အချစ်က သူမ ဖြစ်လာသည်…
မင်္ဂလာပါ နံနက်ခင်း…..
ကျွန်တော့်ရဲ့ မနက်ဖြန်များ
မနေ့က ထက်ပိုပြီးလှပလာစေဖို့
သူမကို….အလိုရှိသည်

In: ကဗျာ Posted By: Date: Sep 3, 2013
Comment #1

🙂

commentinfo By: ei lay at Sep 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment