Professional Authors

I Love You Stoned Heart !

နင်ချစ်သူများနေ့မှာ ဝယ်ပေးထားတဲ့ All Star အပြာလေး
အနားတွေဖွာထွက်အောင် စုတ်ပြတ်နေလဲ ငါခုထိဝတ်ထားတုန်းပဲ

ငါအမြတ်တနိုးနဲ့ ဝယ်ပေးထားတဲ့ နင်နဲ့ငါ့ရဲ့ သင်္ကေတ ဆင်တူလက်စွပ်လှလှလေး
ငါတို့ လက်ထပ်လက်စွပ်ဝတ်ရရင်တောင် မချွတ်ပစ်ဘူးလို့ပြောတဲ့ နင့်စကားမှာ ငါအရည်တွေပျော်ကျဖူးတယ်

ငါကတော့ တမြတ်တနိုး နင့်အတွက် ကဗျာတွေရေးလို့
နင့်ကဗျာကို နင်ကိုယ်တိုင် အသံထွက်ဖတ်ဖူးလားဆိုတဲ့ နင့်စကားအောက်မှာလဲ ငါသိမ်ငယ်ခဲ့ဘူးတယ်

ဘယ်တော့မှ ပြန်မလာမှန်းသိတဲ့ နင့် ဖုန်းနံပါတ်နဲ့ message ကိုလဲ
သိသိကြီးနဲ့ ငါထိုင်မျှော်ခဲ့ဘူး

နင်တစ်ယောက် ဝမ်းနည်းတဲ့အခါ တစ်ယောက်တည်း ခံစားနေရမှာစိုးလို့
နင်အဆင်ပြေရဲ့ လား လို့ ခဏ ခဏမေးမိတာကိုလည်း နင်ငြီးငွေ့ချင်လည်း ငြီးငွေ့လောက်ပါရဲ့

နင်ဖျားနာနေတဲ့ အချိန်ရောက်တိုင်း
ခံစားရတဲ့လူဟာ ငါကိုယ်တိုင်ပဲဖြစ်လိုက်ချင်တာ အခါခါ

ဒါတွေကို တစ်သက်လုံး စိတ်မပျက်စတမ်း ဝတ္တရားမပျက်ချင်ခဲ့ပါဘူး
ဆိုပေမဲ့
အသွားအပြန်မှာ အပြန်မရှိတဲ့လမ်းကို ဆက်မလျှောက်ချင်တော့ဘူး
နင်တစ်ယောက် ချစ်တတ်လာတဲ့တစ်နေ့ ငါဆိုတဲ့ ကောင်မလေးရှိခဲ့ဖူးတယ်ဆိုတာကို တစ်ချက်လောက်သတိရတယ်ဆိုရင်ပဲ

ကြက်ခြေခတ်X

1 9 13 sun
9:44am

In: ကဗျာ Posted By: Date: Sep 2, 2013
Comment #1

နှလုံးသားနှင့် ခံစားဖတ်ရှူသွားပါသည်။

commentinfo By: ei lay at Sep 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment