Professional Authors

ကျွန်တော့ ဒီဇင်ဘာ အက်ဆေး

ကျနော် သည် သွေးနွေးသတ္တ၀ါဖြစ်သည်။
ကျနော် ၏ သွေး နွေးသလား? အေးသလား?
မမြည်းစမ်းကြည့်မိသေးပါ။
ကျနော် သည် အေးစက်ခြင်းကို မနှစ်မြို့ 
နွေးထွေးခြင်းတို့  ကို သာအလို ရှိသည်
နတ်ဘုရားတို့ က ဆောင်းလို မအေးတတ်စေဖို့ ရန်
ကျနော့် အား နွေမှာ ဖန်ဆင်းပေးခဲ့ သလို
နှလုံးသားအားနွေးထွေးစေခဲ့ပါသည်။

တနေ့ … မသဲတကွဲ နှင်းဖွဲဖွဲတို့ ကြားက ဆောင်းရာသီ
သူ ကျနော့်ထံ အလည်လာသည်
ဆောင်းရာသီ သည် အေးစက်သည့်  အမှု ကို ဆောင်ရွက်သည်
ကျနော့် နှလုံးသား နွေးထွေးခြင်း အမှုကိုဆောင်ရွက်သည်
သူ့ တွင် မျက်စိမပါရျွ် မျက်စိမလည်
ကျနော်ကတော့လမ်းမှားခဲ့သည်…။
သူမ သည် ကျနော်မှားခဲ့သောလမ်းကလေးဖြစ်သည်
သူမ သည် ဆောင်းရာသီဖြစ်သည်…။
ဆောင်းလို အေးစက်ခြင်းမျိုးကို နွေသည်ခံနိုင်ရည်မရှိ
တိတ်တိတ်ဆိတ် အေးခဲခဲ့သည်…။

ရုတ်တရက်  ဆောင်းရာသီသည် ကျနော့် ထံပါးမှ
အခြားအရပ်သို့  ထွက်ခွါသွားခဲ့ပြီ
လမ်းကလေးထဲ နှင်းစက်တို့ ဖြင့် ဖုံးလွှမ်းမနေတော့
ကျနော် လျှောက်မြဲ ၊ လျှောက်ဆဲ ၊ လမ်းကလေးထဲအေးဆဲ ၊
နတ်ဘီလူး တို့ ၏ တောင့်တခြင်းမှာ ဆောင်းကို ငေးဆဲ
ကျနော့် တွင်အနွေးထည်မပါ
သို့ သော်ရင်ဘတ်ထဲနွေး နှလုံးသွေးတို့ ဆူဝေနေပါသည်…။
ထို့ ကြောင့် ကျနော်သည် သွေးနွေး သတ္တ၀ါဖြစ်သည်။

                                                                                     ဇော်ဖိုး
                                                                           ………………………….

In: ကဗျာ Posted By: Date: Aug 31, 2013
Comment #1

har might dal kar….

commentinfo By: cyn at Sep 1, 2013
Comment #2

လိမ္မာပါတယ်ဗျာ…။

commentinfo By: ZzzZ at Sep 3, 2013
Comment #3

မမိုက်တော့ပါဘူး

commentinfo By: ZzzZ at Sep 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment