Professional Authors

ဝင်ရိုးစွန်းဆီမှ နွေဦးပေါက်ည (သက်ထွေး)

ရိုးတံကျဲ
အိပ်မက်တွေကြား
ပျော်ကာနေပါရဲ့လားတဲ့ ..
……………..
……………..
ဆည်းဆာကို
ဖျောက်ပစ်ခဲ့တဲ့
လမိုက်ညလိုပဲပေါ့
ကလေးရယ် …

ဝင်ရိုးစွန်းဆန်တဲ့
မနက်တွေကို
ကော်ဖီခါးတစ်ခွက်နဲ့
ဖြေသိမ့်နိုင်ခဲ့ပေမဲ့
မင်းဘက်က
စိမ်းရက်မှုတွေကြား
ကိုယ့်ကိုယ်ကိုဘယ်လို
ခါးသက်ပေးရမှန်း နားမလည်နိုင်ခဲ့ ..

ဒီလိုနဲ့ပဲ
လက်ကျန် အဆင်းအမှောင်ခါးခါးနဲ့
ကိုယ်
အိပ်တန်း ပြန်လည်တက်ခဲ့ပါတယ်

နွေဦးပေါက်
ကဗျာတစ်ပုဒ်လို
အမြဲတမ်း နွမ်းနေရမဲ့ဘဝ
ယဉ်ကျေးမှုဆိုတဲ့
မျက်လုံးမျိုးနဲ့
အသည်းကွဲခြင်းကို
အသေအချာ
စောင့်မကြည့်ပါနဲ့ …

ထိုးမြဲလက်မှတ်ကို
ခွဲခွာခြင်း သင်္ကေတအဖြစ်
လွှင့်ထူကြပါစို့
ပိတ်နှောင်ခံ
အလွမ်းနဲ့
ကျေနပ်ခဲ့ရတဲ့
လူငယ်တစ်ယောက်ရဲ့
ဈာပနမှာ
မျက်ရည်တို့
မစည်ကား အပ်လောက်ပါဘူး ။

သက်ထွေး
၂၈ ဖေဖေါ်ဝါရီ ၂၀ဝ၉ မနက် ၁၀း၄၅

In: ကဗျာ Posted By: Date: Jun 4, 2009  
Comment #1

ဒီလိုနဲ့ပဲ
လက်ကျန် အဆင်းအမှောင်ခါးခါးနဲ့
ကိုယ်
အိပ်တန်း ပြန်လည်တက်ခဲ့ပါတယ်
One word to describe this : 8pote! 😛 hehehe.. jk 😀

နွေဦးပေါက်
ကဗျာတစ်ပုဒ်လို
အမြဲတမ်း နွမ်းနေရမဲ့ဘဝ
ယဉ်ကျေးမှု့ဆိုတဲ့
မျက်လုံးမျိုးနဲ့
အသည်းကွဲခြင်းကို
အသေအချာ
စောင့်မကြည့်ပါနဲ့ …

I like this one!
ဟီးဟီး.. ကွာရှင်းတာပဲလားကွ.. အဟင့်..။
မိုက်သဗျ..

commentinfo By: Kitty Yang at Jun 4, 2009
Comment #2

ကောင်းတယ်… ဒါပေမယ့် ကစ်တီပြောသလိုပဲ… ကွာရှင်းပြတ်စဲတာကြလို့… လက်မှတ်ကလည်း ထိုးရဦးမယ်… ဝမ်းနည်းတယ်… 🙁 ဂယ်ပါပဲ…. ဟင့်… 😛
အန်းနီးဝေး…
အားပေးသွားပါတယ်ဂျာ 😛 ထပ်တင်ပါ…. တစ်ပုဒ်ထဲဖတ်ရတာ အားမရလို့… 😉

commentinfo By: Ei Mon Soe at Jun 4, 2009
Comment #3

ဒီကဗျာကို ကျွန်တော် yamc မှာတွေ့လို့ ဖတ်ကြည့်ရင်း အကို့ကဗျာတွေ ဖတ်ချင်သေးလို့ လိုက်ရှာရင်း ဒီကိုရောက်လာတာ။ ဒီကဗျာနဲ့ ကျွန်တော်ရဲ့ ခံစားချက်နဲ့ တစ်ထပ်ထဲပဲ။

commentinfo By: ဆွဲအား at May 16, 2010
Comment #4

မျက်ရည်တွေတကယ်..မစည်ကားအပ်ပါဘူး…

commentinfo By: အမရာ at Jun 17, 2010
Comment #5

ယဉ်ကျေးမှု နဲ့ ဘာသာစကားတစ်ချို့မှာ
အချစ်တွေနဲ့ အမုန်းတစ်ချို့က
အဓိပ္ပါယ်ပြောင်းတယ်………။
မျက်ရည်တစ်ချို့က တိတ်တဆိတ်ကျတယ်…
မျက်ရည်တစ်ချို့က အဖော်အပေါင်းနဲ့ကျတယ်…။
မျက်ရည်တစ်ချို့က…။

commentinfo By: John Moe Eain at Jun 18, 2010
Comment #6

/* ၀င်ရိုးစွန်းဆီမှ နွေဦးပေါက်ည ခေါင်းစဉ်လေးကို ဘာလို့လဲ သိဘူး ကြိုက်တယ်.. ကဗျာကိုရောပဲ.. (: */

kyitesssssssssssssssss *************77777777777777777

ဝင်ရိုးစွန်းဆန်တဲ့
မနက်တွေကို
ကော်ဖီခါးတစ်ခွက်နဲ့
ဖြေသိမ့်နိုင်ခဲ့ပေမဲ့
မင်းဘက်က
စိမ်းရက်မှုတွေကြား
ကိုယ့်ကိုယ်ကိုဘယ်လို
ခါးသက်ပေးရမှန်း နားမလည်နိုင်ခဲ့ ..

ဒီလိုနဲ့ပဲ
လက်ကျန် အဆင်းအမှောင်ခါးခါးနဲ့
ကိုယ်
အိပ်တန်း ပြန်လည်တက်ခဲ့ပါတယ်

ပိတ်နှောင်ခံ
အလွမ်းနဲ့
ကျေနပ်ခဲ့ရတဲ့
လူငယ်တစ်ယောက်ရဲ့
ဈာပနမှာ
မျက်ရည်တို့
မစည်ကား အပ်လောက်ပါဘူး ။

(((((: အမှန်ကတော့ စဆုံးကြိုက်တာာပါ…
clappingggggggggggggggggggggg*************7777777777777 (:

commentinfo By: ဖြိုးဖြိုး at Dec 26, 2010
Comment #7

ယဉ်ကျေးမှုဆိုတဲ့
မျက်လုံးမျိုးနဲ့
အသည်းကွဲခြင်းကို
အသေအချာ
စောင့်မကြည့်ပါနဲ့ …

ထိုးမြဲလက်မှတ်ကို
ခွဲခွာခြင်း သင်္ကေတအဖြစ်
လွှင့်ထူကြပါစို့
ပိတ်နှောင်ခံ
အလွမ်းနဲ့
ကျေနပ်ခဲ့ရတဲ့
လူငယ်တစ်ယောက်ရဲ့
ဈာပနမှာ
မျက်ရည်တို့
မစည်ကား အပ်လောက်ပါဘူး ။

commentinfo By: chocolate at Jan 8, 2012
Comment #8

ဆည်းဆာကို
ဖျောက်ပစ်ခဲ့တဲ့
လမိုက်ညလိုပဲပေါ့
ကလေးရယ် …

ဝင်ရိုးစွန်းဆန်တဲ့
မနက်တွေကို
ကော်ဖီခါးတစ်ခွက်နဲ့
ဖြေသိမ့်နိုင်ခဲ့ပေမဲ့
မင်းဘက်က
စိမ်းရက်မှုတွေကြား
ကိုယ့်ကိုယ်ကိုဘယ်လို
ခါးသက်ပေးရမှန်း နားမလည်နိုင်ခဲ့ ..

သိပ်ကောင်းတဲ့ ကဗျာဆရာပါလားဗျာ..။

commentinfo By: 13th at Dec 26, 2012
Comment #9

sa karr lone a g g tway ne ,,,,
pyu sarr naing lun hla de,,,

commentinfo By: ei lay at Jan 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment