Professional Authors
သူငယ်ချင်းများသို့  ….
လှပတဲ့ ငယ်အိမ်မက်လေး
မက်ခွင့်ရတုန်းက
အိမ်မက်ထဲမှာ ကျွန်တော်တို့ 
အားလုံးမျက်ရည်ဝဲနေကြတယ် … ။
ဖြူစင်သန့် ရှင်းတဲ့  အဖြူအစိမ်းဘ၀ကို
ပြန်လိုချင်သလို
ဖြတ်သန်းခဲ့တဲ့  သူငယ်ချင်းများနဲ့ လည်း
အတူပြန်ဆုံချင်တယ် … ။
တစ်နေ့  … ငါတို့ တွေရည်မှန်းချက်ကြီးစွာနဲ့ 
ဒီကျောင်းတော်ကိုရောက်လာခဲ့တယ်
ဆယ်စုနှစ်တစ်ခုပဲ အတူဆုံဆည်းပြီး
ကွဲထွက်သွားကျတယ် … ။
အဖြူအစိမ်းတွေ ဝေေ၀ဆာတဲ့ 
ဇွန်လဟာ အခုတော့ 
ငါတို့ နဲ့ ဘာမှမဆိုင်တော့ ပါ … ။
နှုတ်ဆက်ထားခဲ့တဲ့  2010 – 2011
ပြန်တွေးလေတိုင်း
ဘယ်သူ့ ကို ဘယ်မှာရှာရမလဲ … ။
ဘ၀တစ်စိတ်တစ်ပိုင်းလေးပဲ
လက်တွဲခဲ့တယ်ဆိုပေမဲ့ 
သံယောဇဉ်ကြိုးခိုင်မြဲခဲ့တယ် … ။
သူငယ်ချင်းဆိုတဲ့  လူတစ်စု
ဤစာသင်ခန်းလေးထဲမှာပဲ ပြန်စု
ပျော်ရွှင်စရာတွေပြန်လည်ရယူဖို့ 
တို့ ဆုတောင်းကြမယ်
ချစ်တဲ့ သူငယ်ချင်းတို့ ရယ် … ။
သတိရလို့ ရေးထားတာလေးပါ မနေ့ ညက အိမ်မက်ထဲမှာ ကျွန်တော်တို့ တွေ
အတူပြန်ဆုံကြတယ် တတ်ခဲ့တဲ့ ကျောင်းငယ်လေးထဲမှာပဲ အားလုံးက
အသက်တွေကြီးနေပေမဲ့  6 တန်း စာသင်ခန်းလေးထဲမှာစာပြန်သင်နေရတယ်တဲ့ 
တစ်ယောက်နဲ့ တစ်ယောက်ခွဲခွာရတော့မဲ့ အသိတွေနဲ့မျက်ရည်တွေလည်းဝဲနေကြတယ် ငယ်ငယ်တုန်းကဘ၀လေးကိုအိမ်မက်မက်ခွင့်ရတဲ့ အတွက်လည်းကျွန်တော့်ဘ၀ရဲ့ အနှစ်သာရအရှိဆုံးအိမ်မက်လေးတစ်ခုပါ
သူငယ်ချင်းတို့ လည်း
ငယ်သူငယ်ချင်းတွေအားလုံးနဲ့ အတူဆုံဆည်းနိုင်ကြပါစေ … ။
loafer
In: ကဗျာ Posted By: Date: Aug 28, 2013
Comment #1
Thz
commentinfo By: ei lay at Nov 7, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment