Professional Authors

သူမ

သူမ သည် နံရံပေါ်မှာ ချိတ်ဆွဲထားသည့်
မှန်တစ်ချပ်၏ တစ်ခြား တစ်ဖက်ဖြစ်သည်

သူမ သည် တစ်ဖက်လူ၏ အမူအရာ
တုံ့ပြန်ချက်၏ တစ်စွန်းတစ်စ ဖြစ်သည်

သူမသည် ဟက်ဟက်ပက်ပက်
ရက်ရက်စက်စက် နဲ့
I am okay ဟုသွေးအေးတတ်သူဖြစ်သည်

သူမ သည် ရေရေ ရာရာ သေသေချာချာ မရှိဘဲ
I love to be alone ဟု လိမ်ညာတတ်သေးသည်

သူမသည် အလွဲလွဲ အချော်ချော်
အထော်ထော် အနန်းနန်း
မထော်နန်း ဂျစ်ကန်ကန် ဖြစ်သည်

သူမတားသည် ငြိမ်နေရင်လာမထိဖို့
သို့သော်
Ever action there is reaction ဟု ရီရီမောမော ပြောတတ်သည်

သူမသည် ခွင့်လွှတ်တတ်သည်
Forgive but not forget ဟုတော့ ခဏခဏ သတိပေးတတ်သေးသည်

သူမသည် ကပိုကရိုနိုင်သောငနုံငအ တစ်ဖြစ်လဲ
အဆိပ်ရှိသော ဆူးတစ်ချောင်းအဖြစ်
တစ်ခါတစ်ရံ အလှပြင်တတ်သေးသည်

သူမသည် ဘာမှန်းမသိသော
ဘာမှ မသိသော အကုန်သိသည့်
မိန်းမ တစ်ယောက်ဖြစ်သည်

နားလည်သည်ဟု မလိမ်ပါနှင့်
သူမကိုယ် သူမပင် နားမလည်နိုင်သောသူမဖြစ်သည့်အတွက်
Dun try to understand, coz i am the one who can’t understand even myself.

သံယောဇဉ် (၁.၈.၂၀၁၃)

In: ကဗျာ Posted By: Date: Aug 27, 2013
Comment #1

aww … kaung pa dal

commentinfo By: cynthia at Aug 28, 2013
Comment #2

ဟုတ် မလိမ်ပါဘူး

commentinfo By: ကြက်ခြေခတ် X at Aug 28, 2013
Comment #3

အဲလို လိမ္မာလေ

commentinfo By: Than Yaw Zin at Aug 29, 2013
Comment #4

Great Poem
let me share 🙂

commentinfo By: loafer at Aug 29, 2013
Comment #5

Ok frd ^_^ thx for share

commentinfo By: Than Yaw Zin at Sep 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment