Professional Authors

ဘဝရဲ့ ကြွင်းကျန်ရစ်နေသော လေဟာနယ်

 

 

ဘဝရဲ့ ကြွင်းကျန်ရစ်နေသော လေဟာနယ်

 
ဘ၀ဟာ….

ဒဏ်ရာ ဒဏ်ချက်တွေ များလာတော့…

အတိတ်မှာ မလေ့ကျင့်ဖူးခဲ့တဲ့… 

သောကတွေကို မိတ်ဆွေ ဖွဲ့တတ်လာတယ်…။

သို့သော်…

ကိုယ် ရလာတဲ့ ဘဝကို

သိဖို့ရန် ခက်ခဲနေဆဲ…


ပြီးတော့လည်း…

ဆင်းရဲခြင်း တံတိုင်းခတ်ထားတဲ့…

ဒီဘဝကို ခုံမင် တပ်မက်ခဲ့လို့လည်း…

ငါဆိုတဲ့ မာန်မာနတွေကို

ရင်းနှီးမှုတွေနဲ့ ခင်မင်ခဲ့ရပြန်တယ်…။


တခါတရံ မွန်းကျပ်လွန်းတဲ့…

ဘဝ နေနည်း စနစ်တွေ ခက်ခဲလွန်းလို့..

ဒေါသရဲ့ ပေါက်ကွဲမှုတွေနဲ့..

ဖွားဖက်တော် သူငယ်ချင်း ဖြစ်ခဲ့ရပြန်တယ်…။


တနေ့တာ နေမဝင်သေးတဲ့…

ဘဝရဲ့ ဆည်းဆာချိန် ရောက်ပြန်တော့…

မြင်ကွင်း ကျယ်ကျယ်နဲ့ ငေးနေမိပြန်တယ်…။


တကယ်တော့

အချိန်ဆိုတာ

ဘဝကို တံတိုင်းခတ်ထားတဲ့

လူတယောက်ရဲ့ ……

လုပ်ဆောင်ချက်တွေသာ ဖြစ်တယ်…။

 

 
 
 
တက္ကသိုလ်မြတ်မင်း 

 

In: ကဗျာ Posted By: Date: Aug 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment