Professional Authors

နွေကမ္ဘာတမ်းတရွာ မှ တိတ်တဆိတ်ခြွေ ကျ ခဲ့သော အလွမ်းသစ္စာ

ဘယ်ရာသီမျိုးနဲ့ မှ မဆုံတွေ့ လိုဘူး ဆိုတဲ့စိတ်နဲ့ 
မျှော်လင့်ချက်မှန်သမျှဆွံ့ အ တိတ်ဆိတ် –
စက္ကန့် မကျန် ပိတ်လှောင်ရပ်တန့် ထားလည်း

သည်ရင်ခွင်ဟာ သည်ရာသီထဲက ဘယ်လိုနည်းနဲ့  မှ ကင်း ခွာ လို့  မရခဲ့နိုင်ပါဘူးနွေ  

ပျက်စီးသွားတဲ့ ရွှေဂဟေဆက် ဖိတ်စာအရောင်နုလေး
ပျက်စီးသွားတဲ့ ခင်ဗျား အသစ် အိမ် လေး

ပျက်စီးသွားတဲ့ ခင်ဗျားရဲ့ ခြင်္သေ့လှောင် အနာဂတ်လေး
ပျက်စီးသွားတဲ့ ခင်ဗျားရဲ့  ကျွန်တော့်အတွက် ဥပေက္ခာခြံတံတိုင်းလေး
ပျက်စီးသွားတဲ့ ခင်ဗျားနောက်မလှည့်စတမ်း အရွေ့ ခြေလှမ်းများ
ပျက်စီးသွားတဲ့……………………………………..
 
……………………………………………………
အားလုံးအားလုံး အကြောင်း သိ   ကြား   ရ  ချိန်
ကျွန်တော် 
မပျော်သင့်ဘူး ဆိုပေမယ့် ပျော်ခဲ့မိတယ် နွေ
ဒါဟာ
ကျွန်တော့်ကိုယ် ကျွန်တော်တောင် ပြန်လိမ်ကြည့်လို့ မရတဲ့

ခင်ဗျားအတွက် သေဆုံးခြင်းမဲ့ ခံစားချက်များ 

အကြိမ်ကြိမ် အခါခါ ဆိုတာထက် ပို ရိုက်သတ် လို့  အဆုံးသတ်ဖို့  ကြိုးစားခဲ့ပါတယ်
 

အတိတ် မှာ ကားလိပ်ချ တခန်းရပ် ကျန်ခဲ့လေသော
ကျွန်တော်တို့ နှစ်ဦးရဲ့  ဇာတ်လမ်းအကျဉ်း 

မှားတယ် မှန်တယ် ရွေးယူ သိမ်းပိုက် ဆုံးဖြတ် ဖြေရှင်းစရာ
မလိုအပ်တော့ဘူး ဆိုပေမယ့်

အဆုံးသတ်မျဉ်းသားသွားတဲ့ ခင်ဗျား နှုတ်ဖျားမှ စကားတစ်ခွန်း

ကျွန်တော့် အသည်းထဲမှာ  စူးနင့် စိုက်ဝင် ပဲ့တင်ထပ်နေဆဲ

တကယ် ..
တကယ်လားနွေ .
ဖောက်လွဲဖောက်ပြန် အနမ်းတွေ အတွက်
တုံ့ ပြန်ရုံသက်သက်ချေပ ခဲ့တဲ့ 
ကျွန်တော့်ကို
ခင်ဗျားက
သိပ် ရွံ သတဲ့လား???
 

ခင်ဗျားထားရာနေရာမှာ ကျွန်တော် ကျန်ခဲ့ပါတယ်
ခင်ဗျားပေးတဲ့ အဆိပ်တွေ နှစ်ခြိုက်စွာပဲ သုံးဆောင်ခဲ့ပါတယ်
ခင်ဗျားရွံတဲ့ ကျွန်တော် 
ခင်ဗျားရှိခဲ့ဖူးရာ အရိပ်တွေထဲမှာပဲ နွံသဖွယ်လူးလို့  ရှင်သန်နေခဲ့ပါတယ်
ခင်ဗျား အခြားနဲ့  ပျော်မွေ့ ကြည်နူးနေချိန်မှာ 
အထီးကျန်မှုကိုသာ အဖော်လုပ် စက်ရုပ်ဆန်ဆန် နေထိုင်ခဲ့ပါတယ်
 

ဘယ်သောအခါမှ ပြန်မလာနဲ့  ပြန်မလာပါနဲ့  ပြန်လာဖို့ မလိုအပ်တော့ပါဘူး ကျွန်တော့်ရဲ့ ပြန်လမ်းမဲ့ရင်ခွင်ကြီးရယ်  

အချိန်လွန်ကမ်းလင့်လက်ကို အငြိုးဖွဲ့   ပုပ်ချလိုက်ဖို့ 
နာကျဉ်းချက် ဒဏ်ရာတွေနဲ့  ခင်ဗျား ဘက်အခြမ်းကို ငဲ့မကြည့်ဖို့  

အတုံ့  အလှည့် တွေ ရှိလာခိုက်မှာ ခပ်မိုက်မိုက် လျစ်လျူရှုပစ်လိုက်ဖို့ 
သတိပေး

အားကုန်အင်ခမ်း ဟန်ဆောင်ခြင်းတွေ တသီကြီး သုံးကာ  ပြုမှု ဖော်ပြ လှုပ်ဆောင် နေပေမယ့်

ဘယ်တော့မှ မေ့မသွား မေ့မထားနိုင်ပဲ 
လွမ်းစရာရှိတိုင်း လွမ်းခွင့်သင့်တိုင်း လွမ်းလိုက်ရတိုင်း 

ခင်ဗျားသာဖြစ်လို့  ခင်ဗျားအကြောင်းတွေသာ အမှတ်ရ

ခင်ဗျားအမည်ကိုသာ စွဲစွဲလမ်းလမ်း ညည်းဆိုနေတတ်တဲ့ 

ကျွန်တော့် ၀ဲဘက်ရင်အုံအရေပြားခွံအောက်က

နှလုံးသားအစေခံလေးရဲ့ ခေါ်သံ
ဘယ်သူမှကြားမသွားစေဖို့  ဆုတောင်း 
ခုချိန်ထိ မဟောင်းမနွမ်း ရေရွတ်နေရတုန်းဆိုတာ
ကျွန်တော်တစ်ယောက်ထဲ သိတဲ့ အမှန်တရားပါ
 

ခင်ဗျားအတွက် နောက်တကြိမ် နောက်ဆုံးဆိုသော အခွင့်ပန်းတွေ ဖူးပွင့် လန်းဖြာခွင့် မရှိစေရဘူးနွေ
ခင်ဗျားအတွက် မယိမ်းမယိုင် မပြိုမလဲပဲ ထာဝရ တည်တံ့ခိုင်မြဲနေမယ့် ကျွန်တော့်ရင်ဘတ်ထဲက ချစ်မြတ်နိုးခြင်းကျောက်စာ 
ဒီဘ၀မှာ ဖတ် ခွင့် မြင် ခွင့် သိခွင့် တွေ မရစေရဘူးနွေ
ခင်ဗျား ကို မှန်းလို့ လွမ်းဆွတ် တမ်းတ ယိုစိမ့်လျံကျလာတဲ့ မျက်ဝန်းရည်ကြည်နွေးများ ဘယ်နည်းနဲ့ မှ ခင်ဗျားရှိရာသို့
မစီးဆင်းစေရဘူးနွေ
ခင်ဗျားအပြင် နောက်ထပ် နောက်တစ်ယောက် ဆိုတာ စာလုံးအဖြစ်တောင် ပေါင်းကြည့် သီကုံးမရတဲ့ ကျွန်တော့် ရူးသွပ်မှု
အိပ်မက်ရှည်တွေ အကြောင်း ခင်ဗျားပါဝင်မယ့် ညချမ်းတွေတိုင်းမှာ မလင်းလက် မတောက်ပစေရဘူးနွေ

ဒါ
ဘယ်တစ်ဦးတစ်ယောက်မှ ထောက်ခံအားပေး အသိအမှတ်ပြုစရာမလိုအပ်တဲ့ 
ကျွန်တော့် ဒဏ်ရာအက်ကြောင်းတွေရဲ့ သစ္စာကတိ

ခင်ဗျားလားရာ လမ်းကြောင်းတွေတိုင်းမှာ ကျွန်တော် ဘယ်တော့မှ ရှိမနေဘူးလို့  ယုံကြည်လိုက်စမ်းပါ

အစွန့် ပစ်ခံ ရုံ မက ခြေနင်း ကန်ကျောက် ခံခဲ့ရတဲ့ အကြွေပန်းလေးရဲ့  နာကျဉ်းချက် 
ဘယ်လိုတန်ခိုးစွမ်းအားတွေနဲ့ မှ ဖျောက်ဖျက် လို့ ရနိုင်မှာ မဟုတ်ဘူးဆိုတာ 

ခင်ဗျား နားလည် ကိုယ်ချင်းစာတတ်မှာ မဟုတ်ပါဘူး။
   

နွေ

ကျွန်တော့်ဘ၀မှာ သေသည့်တိုင်အောင်ချစ်မြတ်နိုးသွားမယ့်သူဟာခင်ဗျားတစ်ယောက်ထဲဖြစ်သလို
သေသည့်တိုင်အောင် နာကျဉ်းသွားမယ့် သူဟာလည်းခင်ဗျားပဲဖြစ်တယ်

ဂုဏ်ယူဝမ်းမြောက် ပျော်ရွှင်နိုင်ပါစေ နွေ

 

In: ကဗျာ Posted By: Date: Aug 23, 2013
Comment #1

အား​ပေးသွားတရ်​ ကံ​ကောင်းပါ​စေ

commentinfo By: မာန်​ခက်​ဝင့်​ at Aug 23, 2013
Comment #2

ကျွန်တော့်ဘ၀မှာ သေသည့်တိုင်အောင်ချစ်မြတ်နိုးသွားမယ့်သူဟာခင်ဗျားတစ်ယောက်ထဲဖြစ်သလို
သေသည့်တိုင်အောင် နာကျဉ်းသွားမယ့် သူဟာလည်းခင်ဗျားပဲဖြစ်တယ်

ဂုဏ်ယူဝမ်းမြောက် ပျော်ရွှင်နိုင်ပါစေ

…………………………………………..
>>>.<<<
ဘာမှမပြောခဲ့တော့ဘူး

commentinfo By: နွေ at Aug 24, 2013
Comment #3

:'(
:'(
:'(

commentinfo By: ei lay at Aug 25, 2013
Comment #4

အားပေးလျက်

commentinfo By: zawthetoo at Aug 26, 2013
Comment #5

အားမပေးရတာကြာပီ သတိရပါ၏

သံယောဇဉ်(ငါးသုံး)

commentinfo By: Than Yaw Zin at Aug 27, 2013
Comment #6

ဖတ်ရှုအားပေးသွားပါတယ်ဗျာ…..

commentinfo By: moehtetaung18 at Nov 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment