Professional Authors

ရှူး……….တိုးတိုး

ရှူး……….တိုးတိုး

အိမ်မက်တွေကို စွန့်လွှတ်ခဲ့ပြီးပီ
ဘ၀ကို သင်္ဂြိုလ်တိုက်သွင်းတော့မယ်
နောက်ဆုံးခြေစလက်နဘာမှမကျန်စေဘဲ
လက်ညှိုးလေးထောင် နှုတ်ခမ်းနှစ်ခုရှေ့မှာထားပီး
လူအုပ်ထဲမှ ခပ်ဖွဖွလေးစွန့်ခွာ…………..

အခေါင်အဖျား အိမ်မက်တွေဆီ
တောင်ပံတွေဖြန့် ငါပျံသန်းသွားဖို့
အလိုက်ဖက်ဆုံးသော တောင်ပံတစ်စုံကို
အမျှော်လင့်ကြီး မျှော်လင့်ငေးရင်း
တာထွက်မှာပင် ငါရစ်ဝဲခဲ့တာ မိုင်ပေါင်းများစွာ……….

အစက မပီဝိုးတ၀ါး
တဖြည်းဖြည်းနဲ့ ကြည်လင်ပြတ်သား
ဟော….အခုတော့ သဲကွဲစွာထင်ရှား
ငါလိုချင်တာ အိမ်မက်လား၊
အတောင်ပံတွေလား ဆိုတာ……………

မရနိုင်တဲ့အရာတွေ အတွက်
အိမ်မက်တွေေ၀၀ါးနေတာတောင်မှ
လှေကားထောင်တက်ရင် ကောင်းမလားလို့
တစ်ချက်ကလေးမှ မတွေးမိတာ
ငါအရမ်းကို နုံချာ၊ဖျင်းအခဲ့ပေါ့……….…….

ဒီလိုနဲ့ အိမ်မက်တွေစွန့်လွှတ်
ဘ၀ကိုသင်္ဂြိုလ်တိုက်သွင်း
ခြေစလက်နတွေ အစဖျောက်
နှူတ်ခမ်းနှစ်ခုရှေ့ လက်ညှိုးလေးထောင်
ခပ်တိုးတိုးလေးပြော…………
……..ရှူး…….တိုးတိုး……………….

နေ့သစ်
21.8.13
2.30pm to 4pm

In: ကဗျာ Posted By: Date: Aug 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment