Professional Authors

အမှတ် (၁) သင်္ကေတ

မင်းနဲ့ ငါဟာ
အမှတ်မထင်တဲ့
ဆိုင်းဘုတ်အောက်မှာ
အကြည့်ချင်း တိုင်ဆိုင်…
အမြင်ချင်း ခွာမရ….
ခပ်ပါးပါး အသားစိုင်ထက်မှာ
တုန်ရင်မှုတွေနဲ့
ရှက်တတ်တဲ့ မျက်လွှာတွေ
မချမိအောင် မေ့မျော
ကမ်းလှမ်းချက် သင်္ကေတတွေနဲ့
အသိမှတ်ပြုရင်း…
မင်းနဲ့ ငါဟာ….
ပတ်ဝန်းကျင် ဘဝထဲကို
ရောက်ရှိခဲ့ကြတယ်….။

ကျယ်ပြန့်လွန်းတယ်…
အတိုင်းအတာ ပမာဏ မရှိဘူး..
နယ်မြေထဲက သစ္စာပန်း တပွင့်
အတူတူ ခူးဆွတ်ရင်း…
မင်းနဲ့ ငါဟာ….
စွယ်တော်ရွက် တစ်ရွက်ဖြစ်ခဲ့တယ်….။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Aug 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment