Professional Authors

ခေါက်ရိုးကျိုးသွားတဲ့ စာပုဒ်

ဖျားနာနေတဲ့ အခိုက်
မောပန်းလာတဲ့ အခိုက်
အထီးကျန်လာတဲ့ အခိုက်
လွတ်လပ်ခြင်းတွေ ရှာဖွေတဲ့ ငါအတွက်
နောင်တဆိုတာ ရတတ်လာတယ်…

ဒါပေမဲ့….
မမှားသေးဘူးလို့ တွေးတောနေတုန်း
ကံတရားကို အားထုတ်မှု မရှိပဲ
ငါကိုယ်တိုင် အားကိုးနေတုန်း…

တခါတရံ….
အမှိုက်စ တခု လေတိုက်လာရင်တောင်
ချောက်ချားနေတဲ့ စိတ်တွေနဲ့
ဘဝ ပေတံကို တိုင်းတာနေတုန်း….

အခုတော့….
မှားနေတဲ့ မျဉ်းကြောင်းထက်မှာ
မျဉ်းကြောင်းတွေ အထပ်ထပ်
အဖြေမရတဲ့ ဘဝ ခေါက်ရိုးတခုနဲ့
ရုန်းကန် ဖြတ်သန်းနေတုန်း
ခရီးဆက်နေတုန်းပေါ့….။

တနေ့….
အခွင့်အရေး ပျောက်ဆုံးသွားတဲ့
လုပ်ဆောင်ချက် တခုဟာ
ဒုတိယ အကြိမ်
အခွင့်အရေး ပေးဖို့အတွက်
မနက်ဖြန် အနာဂတ်ကို
ခရီးဆက်ရအုန်းမယ်….။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Aug 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment