Professional Authors

“အချစ်ကဗျာ”

ရွက်ကြွေတွေပေါ် လေလျှပ်တိုက်သလို..
သူ့အသံကြားတိုင်း…
ရင်ထဲမှာ….
ဓါတ်လိုက်သလိုပဲ……

သူ့ကိုတွေ့ရဖို့ဆို…
ဓါးတောင်ကိုကျော်…
မီးပင်လယ်ဖြတ်…
သတ္တိတွေနဲ့ ပြည့်နှက်လို့ပေါ့……

သူ့နားမှာထိုင်…
သူ့လက်ကလေးကို ကိုင်လို့…
သူပြုံးလိုက်တိုင်း….
ရင်ခွင်မှာ..မုန်တိုင်း..လေ…….

သူ့မျက်ရည်တစ်စက်ဟာ…
ကူးဖြတ်ရခက်တဲ့…ပင်လယ်နက်ပေါ့….
ရင်မှာပင်ပမ်း..
စိတ်ထဲနွမ်းတယ်…..

သူ့အကြည့်တစ်ချက်ဟာ…
ကောင်းကင်ပြာပေါ့…..
လုံခြုံနွေးထွေး…
ငြိမ်းချမ်းခြင်းတွေ ပေးတယ်…….

အခြေအနေ…အချိန်အခါ..
နေရာမရွေး…
တစ်ယောက်အတွက် တစ်ယောက်တွေးလို့….
ရိုမီယို..ဂျူးလိယက်…ရှင်မွေ့နွမ်း..မင်းနန္ဒာ…
ရာဇ၀င်တွင်ခဲ့တဲ့..အချစ်သူရဲကောင်းများ….
အားလုံးကို သနားတယ်……..။

ချစ်ခြင်းနဲ့တည်တဲ့..ဘ၀…
အပေးအယူမျှတလို့….
ချစ်ခြင်းရဲ့ ပန်းတိုင်ဆီ…
ကဗျာလေးတစ်ပုဒ်နဲ့
အတူတူ..ချီကြမယ်….

* ငါဟာ..မင်းလက်မှာပန်းပေါ့….
မင်းနမ်းလိုနမ်း ပန်လိုပန်ပါ…..
မင်းကတော့….
ကိုယ့်လက်ခုပ်ထဲက သမုဒ္ဒရာ…..

လေးညှို့ရှင်
17.8.2013
(10:05 PM)

* တာရာမင်းဝေ

In: ကဗျာ Posted By: Date: Aug 18, 2013
Comment #1

သြော် ဆရာတာရာရဲ့ ကဗျာကိုး

commentinfo By: ဂျူး at Aug 20, 2013
Comment #2

အောက်ဆုံးတစ်ပိုဒ်က ဆရာတာရာမင်းဝေရဲ့ ကဗျာပါ ဂျူးရေ 🙂

commentinfo By: laynhyotshin at Aug 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment