Professional Authors

အမည်မသိ……

ငါသိတယ် ခုခေတ်က သူရဲကောင်းမဟုတ်တဲ့ သူရဲကောင်းတွေ အောင်မြင်ဝင့်ကြွားနေကြတာ…
ငါသိတယ် အများအတွက်တယောက် တယောက်တွက်အများဆိုတဲ့ အဓိပ္ပာယ်ကို….
ငါသိတယ် မဆီမဆိုင် ဆွဲစားခံရတဲ့ မြင်းတကောင်အကြောင်းကို….
ငါသိတယ် ပေးဆပ်ခြင်းရဲနောက်ကွယ်က ရယူခြင်းတွေတပွေ့တပိုက်ကို…
ငါသိတယ်… ဖွင့်ပြောမှသိတဲ့ အချစ်တခုအတွက် ဖွင့်ပြောဖြစ်လိုက်တဲ့ မချစ်ခြင်းတရား တခုအကြောင်းကို…
ငါမသိဘူး….
သူရဲကောင်းဟုတ်တဲ့ သူရဲကောင်းတွေ ပျောက်ဆုံးသွားတဲ့အကြောင်း..
အများအတွက်တယောက် တယောက်အတွက်အများကို နားလည်မှုလွဲနေတဲ့အကြောင်း…
အားနည်းတဲ့သူတွေပဲ ဘာလို့ အဖန်အဖန် အပြစ်ဆင်နေကြတဲ့အကြောင်း….
ရယူခြင်းမရှိတဲ့ ပေးဆပ်ခြင်းတွေအကြောင်း….
ဖွင့်မပြောပေမယ့် ခံစားလို့ရတဲ့ ချစ်ခြင်းတရာ တခုအကြောင်း………
ဒီလိုနဲ့ပဲ…….
ငါဟာ ဘယ်သူမှမသိသေးတဲ့ ဘယ်သူမှမရှိတဲ့ အိပ်မက်တခုကို တောင်းတနေတတ်ခဲ့ပီ…
ဒီလိုနဲ့ပဲ….
ဘယ်သူမှ မသိသေးတဲ့ ဘယ်သူမှမရှိသေးတဲ့ နေရာတခုကို တမ်းတနေတတ်ခဲ့ပီ…
ဒီလိုနဲ့ပဲ…
ငါဟာ စိတ်စိတ် နေတတ်ခဲ့ပါပီ…

In: ကဗျာ Posted By: Date: Aug 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment