Professional Authors

အတွင်းစကား

အတွင်းစကား
……………..(status of kyawsanoo)

တစ်ဘ၀လုံးငါ့ကဗျာတွေဖတ်လာပြီး
အခုငါ့ကိုတော်လှန်ရဲတယ်ဆိုတော့
မင်းဘယ်စာမျက်နှာရောက်နေပြီဆိုတ
ငါလစ်လျူမရှုနိုင်ပါဘူး မိအင်္ဂါ….
လေးစားပါတယ်
မင့်ရင့်ကျက်မှုကိုရော
မင်းစော်ကားမှုတွေအတွက်ကိုရောပေါ့
ငါ့ဆီ
ခဏတာ
ပေါင်နှံထားတဲ့ မင်းလွတ်လပ်မှုကို မင်းပြန်ယူသွားတာပဲ
တရားပါတယ်
ချက်ကောင်းနင်းပေါင်းသင်းတတ်တဲ့လူတွေထဲမှာ
ငါမပါဘူးမိအင်္ဂါ
ငါးပွက်ရာ ငါးစာချတတ်တဲ့
ပေါင်းသင်းဆက်ဆံမှုကိုငါရွံတယ်
မင်းမရှိလည်း
ငါ့ကဗျာထဲ ငါ
နေ့သားတကျပါပဲ
သွားပါ
တံဆိပ်မျိုးစုံကပ်ထားတဲ့မင်းအချစ်ကိုလည်း
ပြန်ယူသွားပါ
နောက်တစ်ခါ
ကျားကိုကဗျာရွတ်မသင်ပေးမိဖို့ကိုပဲ
ငါ့ကိုယ်ငါ
ဆုံးမထားလိုက်ပါ့မယ်

In: ကဗျာ Posted By: Date: Aug 16, 2013
Comment #1

ချက်ကောင်းနင်းပေါင်းသင်းတတ်တဲ့လူတွေထဲမှာ
ငါမပါဘူးမိအင်္ဂါ

လေးစားပါတယ်……

commentinfo By: werewolf at Aug 20, 2013
Comment #2

har … sat thay ko shot thaar par

commentinfo By: cynthia at Aug 23, 2013
Comment #3

တယုတယ ခံစားဖတ်ရှုပေးပြီးကွန်မန့် ပေးတဲ့အတွက် werewolf နဲ့ cynthia ၊ တခြားpoems corner မှ ဖတ်ရှုအားပေးသူ
သူငယ်ချင်းတို့အားလုံးအား ကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်၊၊၊၊

commentinfo By: kyawsanoo at Aug 23, 2013
Comment #4

🙂

commentinfo By: ei lay at Aug 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment