Professional Authors

ထာဝရ ထင်ကျန်နေမည့် မှတ်တိုင်

 

 

ထာဝရ ထင်ကျန်နေမည့် မှတ်တိုင်

 
သြဂုတ်ဆိုတာ….

ကြယ်တွေ ခြွေတဲ့ လလားတဲ့…။


ဆရာကြီး မင်းသုဝဏ်…

ထူးအိမ်သင်း…

တာရာမင်းဝေ…

နန္ဒသိန်းဇံ

ပါပါလေး….

ကလောင်ထက်တဲ့

အနုပညာ ကြယ်တွေ

ကြွေသွားခဲ့တာ

ကာရံမလှတဲ့ သည်သြဂုတ်ပဲ…။


အခုလည်း ကြည့်စမ်းပါဦး….

မိုးတွေ ရွာခါနီးတော့မှ

မိုးရေ ချိုးခွင့်

သောက်ခွင့် သုံးခွင့်

မရှိတော့ဘူး…။


စိတ်မကောင်းမှုတွေနဲ့

ဝမ်းနည်းမှု မှတ်တိုင်မှာ

အတိုင်းအတာ မရှိခဲ့ဘူး

လွမ်းမောမှုတွေ တသသနဲ့

ကြွေကွဲမှုတွေ တားမရခဲ့တဲ့

သည်သြဂုတ်မှာ….

ဆရာကြီး မောင်ဝံသ

ဆရာကြီး မင်းလူ

ဆရာကြီး နှစ်ဦး

ကြွေကျသွားပြန်ပြီ

ကောင်းရာ သုဂတိ

ရောက်ပါစေသား….။


 

တက္ကသိုလ်မြတ်မင်း 

 

In: ကဗျာ Posted By: Date: Aug 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment